Pages

Saturday, April 9, 2011

အုန်းနို့ကျောက်ကျော

Agar agar with coconut milk

သင်္ကြန်နားနီးလာပြီဆိုတော့ (မွေးနေ့ရောက်တော့မယ်...း) အီကား စကားချပ်)
သင်္ကြန်စာလေး တင်ချင်လို့ပါ

အိုးသန့်သန့်တစ်လုံးထဲကို ရေ တစ်လီတာခွဲ၊ အုန်းနို့ ၅၀၀ မီလီလီတာ ၊ သကြား ၅၀၀ ဂရမ် ၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပြီး ကျိုပါတယ် ။ ရေဆူလာပြီဆိုရင် တယ်လီဖုန်းတံဆိပ်ကျောက်ကျော ၂၅ ဂရမ်ကို ပန်းကန်တစ်လုံးမှာ ရေနည်းနည်းနဲ့ ဖျော် ၊ အုန်းနို့ရည်အိုးထဲ လောင်းထည့်ပြီး မွှေပါတယ်။

ကျောက်ကျောမွှေတဲ့ဇွန်းမှာ ကျောက်ကျောမှုန်လေးတွေ မမြင်ရတော့ဘူးဆိုရင် ပန်းကန်ပြားထဲမှာ ကျောက်ကျောတစ်ဇွန်းလောက် လောင်းပြီး ခဲ၊ မခဲ စမ်းကြည့်ပါ
ကျောက်ကျောခဲပြီဆိုရင် ဗန်းထဲထည့်ပြီး အအေးခံလို့ရပါပြီ
မီးဖိုပေါ် အိုးစတည်တဲ့အချိန်က စတွက်ရင် တစ်နာရီလောက်တော့ ကျိုရပါတယ် ။

စားကြပါဦး ၊ ပိုစ့်အသစ် ထပ်မတင်နိုင်ရင်လည်း ဒါလေးကိုပဲ မွေးနေ့အတွက်လို့ မှတ်ပါနော်း)

အုန်းနို့များသွားလို့ ကျောက်ကျောလွှာ မညီဘူး ဖြစ်သွားပါတယ် ၊ အုန်းနို့ ၂၅၀ မီလီလီတာလောက်ဆို အတော်ပဲ နေမှာပါ
အတိုင်းအတာတွေအတွက် ခေါင်းမစားပါနဲ့နော်
ရေချိန်ဖို့ ရေသန့်ပုလင်းဟောင်းကို သုံးလို့ရသလို ၊ ကျန်တဲ့ပစည်းတွေကလည်း သူတို့ကို ထုပ်ထားတဲ့ အိတ်ပေါ်မှာ ဘယ်လောက်ပမာဏပါတယ်ဆိုတာ ရေးထားတာမို့လို့ ကိုယ်ထည့်ချင်သလောက် မှန်းပြီး ယူလိုက်ရုံပါပဲ
ဥပမာ သကြားက ၁ ကီလိုဂရမ်အထုပ် ၊ ကိုယ်သုံးမှာက ၅၀၀ ဂရမ်ဆို အထုပ်တစ်ဝက်လောက် မှန်းပြီးထည့်လို့ရတာပါပဲ
ဓါတ်ပုံမလှခြင်း သည်းခံပါး)
မြန်မာနှစ်သစ်မှာ အားလုံး စိတ်ချမ်းသာကြပါစေ

(ကျောက်ကျောတွေစီထားပုံကိုကြည့်ပြီး Mitsubishi logo ကိုတောင် သတိရမိတယ် ;)
ကျောက်ကျောမစားဖူးဘူးတဲ့ တစ်ယောက်သောသူကိုလည်း သတိရပါတယ်)

6 comments:

PAUK said...

ဟိုနေ့ကပဲ ကျိုသေးတယ်။
ကျောက်ကျောအသားနဲ့ အုန်းနို့ မကွဲပြားလို့
စားမကောင်းဘူး..လို့ စိတ်ထင်မိတယ်။
အစ်မက ရေဆူတော့ ကျောက်ကျောမှုန့်ဖျော်ထားတာ
အရင်ထည့်မိတယ်..နောက်မှ အုန်းနို့လောင်းမိတယ်.။
အဲ့တာ ကြောင့်လားမသိ သိပ်စားမကောင်းဘူး။
စကားမစပ် ပျောက်လှချည်လား..။
အရာရာ အဆင်ပြေပါစေ..။
မွေးနေ့မှာ ပျော်ရွှင်ပါစေ..။(တကယ်လှိုက်လှိုက်လှဲလှဲ
ဆုတောင်းသွားသည်။)

ပေါက်

PAUK said...

စကားမစပ်..
ကျောက်ကျောတွေထည့်တဲ့ပန်းကန်ပြားက
corelle ပန်းကန်ပြား လား။
တူလို့ပါ..။

လွတ်ငြိမ်းလေပြေ (breeze) said...

အစ်မပေါက်ရေ
မွေးနေ့အတွက် ဆုတောင်းပေးတာ ကျေးဇူးနော်
လူရိုင်းခေါင်းတံဆိပ်ကျောက်ကျော နောက်ဖက်မှာရေးထားတာက အုန်းနို့ရည်ထဲ ကျောက်ကျောဖျော်ထည့်ရမယ် ဆိုလို့လေ
သမီးလည်း ကျောက်ကျောနှစ်လွှာ လိုချင်လို့လေ
တယ်လီဖုန်းကျောက်ကျောနဲ့ စမ်းကြည့်တာ
ပန်းကန်က corelle မဟုတ်ပါဘူးး)

ဆောင်း said...

အများကြီးစားသွားတယ်

လင်းဒီပ said...

Mitsubishi ကျောက်ကျောလာစားပါတယ် ။ :)

khin oo may said...

happy birthday လွတ်ငြိမ်းလေပြေ (breeze)အမြဲပျော်ရွင်ပါစေ။

Post a Comment