Pages

Friday, November 26, 2010

မြင်းခွာရွက်သုပ်

Pennywort salad :)

မြင်းခွာရွက်ကို မေမေသုပ်တဲ့ပုံစံ သုပ်ထားတား)
အရွက်တွေကို ရေစင်အောင်ဆေးပြီး နုပ်နုပ်လေး လှီးရတယ်
ဝါးလို့လည်း ပိုအဆင်ပြေပြီး ပိုမွှေးသလိုပဲ

မြင်းခွာရွက်လှီးပြီးရင် ကြက်သွန်နီ ပါးပါးလှီး ရေဆေးထားတာရယ် ၊ ပုစွန်ခြောက် မညက်တညက် ထောင်းထားတာရယ် ၊
ဆား ၊ အချိုမှုန့် နည်းနည်း ၊ သံပုရာရည်နည်းနည်း ၊ ဆီချက်ဆီနဲ့ ရောပြီး ခပ်ဖွဖွလေး နယ်ပါတယ်
ခုနကမှ ကြော်ထားတဲ့ ကြက်သွန်နီကြော်လေး ဖြူးလိုက်ရင် သိပ်မွှေးတာပဲ ၊ အချိုသုပ်လေး :P

ဒီပိုစ့်ကို ဒီဇင်ဘာအတွက် စုထားရင် ကောင်းမလား စဉ်းစားနေသေးတား)
စားကြပါဦး

Friday, November 12, 2010

ထမင်းပေါင်း

Rice with Mix Vegetables

အိမ်မှာရှိတဲ့ အသီးအရွက်လေးတွေနဲ့ ထမင်းပေါင်း လုပ်စားပါတယ်
niceflavour က ကြာဇံသုပ်ကနေ မတက်သေးဘူးလား... ဆိုလို့ ရှိတာလေး တင်လိုက်ပါတယ်း)
အသားမပါဘူးနော်

ဒါက အသီးအရွက်ကို အရင်ကြော်ထားတာ(တရုတ်နံနံအများကြီးနဲ့)၊ ထမင်းပေါင်းအတွက်ဆို ပဲငံပြာရည်(အကြည်) နည်းနည်းပါတဲ့အရသာ ကြိုက်တယ်

ဂျုံမှုန့်နည်းနည်း၊ ဆား ၊ အချိုမှုန့် ၊ ငရုတ်ကောင်းမှုန့်နည်းနည်း နဲ့ ကော်ရည်ဖျော်ရတာ ကြိုက်တယ်

မတွေ့ တာကြာသွားပြန်ပြီနော် ၊ စားကြပါဦးး)