Pages

Friday, June 19, 2009

ဝက်သား ငါးဆုပ်လုံးချက်

Minced pork balls with tomato paste


ဝက်သားကြိတ်ထားတာကို ဂျင်း ၊ ကြက်သွန်ဖြူ ၊ နနွင်း ၊ မဆလာ ၊ ဆား တို့နဲ့နယ် ၊
အလုံးလေးတွေလုံး ၊
ဖြူသွားအောင် ဆီထဲမှာ သာသာလေး လှိမ့် ၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ ဆီသတ် ပြီး ခရမ်းချဉ် အနှစ်ရအောင်လုပ်
ဝက်သားလုံးတွေပါ ထည့်မွှေ
ရေနည်းနည်းထည့်ပြီး တည်ပါတယ်



ရေနည်းနည်းကျန်ရင် ဟင်းအိုးချ ၊ လှီးထားတဲ့ နံနံပင်နဲ့ ငရုတ်သီးစိမ်းလေး အုပ်လိုက်တယ်း)
********************************************************************************************
Mix the minced pork with shredded garlic, ginger , spicy powder and add some salt.
Shape into balls and fry for about 2 minutes.
Fry shredded garlic and onion , add sliced tomato and make tomato paste.
Add pork balls , 3 cups of hot water and cook.
Garnish with chili and coriander leaves.

Tuesday, June 16, 2009

ပုန်းရည်ကြီး

Myanmar Traditional Food made with Bean Paste

ပုန်းရည်ကြီး သုပ်ရင် ပုစွန်ခြောက်လေး ပါမှး)

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ပါးပါးလှီး
ငရုတ်သီးစိမ်းထည့်
ဆီစိမ်းလေးဆမ်း...

း)

******************************************************************************************
It is a Myanmar traditional dish made with bean paste.
Add garlic, onion, dried shrimp, chili, peanut oil and some salt.

Friday, June 12, 2009

ပုစွန်ကြော် (Fried Prawns)


ဒီပုစွန်လေးတွေကို

ဒီမုန့်နှစ်ထဲထည့်ကြော်တာ

ဒီလိုလေး ဖြစ်သွားသတဲ့ကွယ်
း)

မုန့်နှစ် ပြစ်ပြစ်လေး ဖျော်ပါတယ် (ဒါမှ ပုစွန်ကြော်က လုံးလုံးလေး ဖြစ်နေမှာ) ၊
တရုတ်ငံပြာရည် အပြစ် (အရောင်လှအောင်) နည်းနည်းထည့်ပါတယ် ၊ နည်းနည်းပဲထည့်နော်
ငရုတ်ကောင်းမှုန့်လည်း နည်းနည်းထည့်တယ် (မွှေးအောင်ပေါ့)
အရသာအတွက် ဆားနည်းနည်း ၊ အချိုမှုန့်နည်းနည်း ထည့်ပါတယ်
အဒေါ်ဆို ပုစွန်အမြီးက ဆူးချွန်လေးပါ ချိုးခိုင်းတယ် (စားရင် စူးမှာစိုးလို့တဲ့း)

မုန့်နှစ်လုပ်ဖို့
+ tempura အမှုန့်ဆိုပြီး ရောင်းတာရှိပါတယ် ၊ အဲဒါသုံးလည်း ရပါတယ်
+ ယိုးဒယားမယ် လို၊ ရွှေလိပ်ပြာလို အကြော်ကြော်ဖို့ စပ်ပြီးသား အမှုန့်တွေလည်း ရှိပါတယ်
+ ကိုယ့်ဘာသာ စပ်ချင်ရင်တော့ ဂျုံမှုန့် ၅၀ % ၊ ကော်မှုန့် ၃၀ % ၊ ဆန်မှုန့် ၂၀ % ရောပြီးသုံးလို့ရပါတယ်
( အဲဒါ ရွှေလိပ်ပြာရဲ့ အချိုးပါ ၊ ကြော်ကြည့်ပြီးပြီ ၊ ကောင်းပါတယ်)

ကြွပ်ကြွပ်လေး ရအောင် မီးအေးအေးမှာ ကြာကြာကြော်ပါတယ် ၊ တူးတော့ မတူးစေနဲ့ပေါ့း)
******************************************************************************************

Simply fry prawns with tempura paste :)

ဓါတ်ပုံ ဘယ်လိုရိုက်သလဲ

How do I take the picture of food?

အလှ ပြင်ပြီးပုံ (After touch up)

အလှ မပြင်ရသေးမီပုံ (Before)


ဓါတ်ပုံလေးတွေ လှတယ်လို့ ချီးကျူးကြတဲ့ အစ်မ ၊ ညီမ တွေကို ကျေးဇူးတင်ပါတယ်
ဒါပေမယ့် လေပြေက အပျော်တမ်းသမားပါပဲ
ဓါတ်ပုံ ဘယ်လိုရိုက်လဲ မေးတဲ့ အစ်မ နဲ့ ညီမ ကို လေပြေသိသလောက် ပြောပြမယ်နော်

ဓါတ်ပုံရိုက်ရင် အလင်းရောင်လည်း ကောင်း ၊ အလင်းလည်း မပြန်တဲ့နေရာမှာ
ဖုန်းကင်မရာနဲ့ပဲ ရိုက်ပါတယ် (professional camera မရှိပါး)
နေ့ဘက်ဆို close up mode
ညဘက်ဆို night mode နဲ့
တော်တော်ကြီးကို အနီးကပ်ပြီး ရိုက်ပါတယ်း)
လှမယ်ထင်တဲ့ ထောင့်အမျိုးမျိုးကနေ ပုံတော်တော်များများ ရိုက်ပါတယ်
ဒါမှ ကိုယ်လှတယ်ထင်တဲ့ပုံ ပြန်ရွေးလို့ရမှာလေ

computer ထဲကို ပုံတွေ ရွှေ့ ပြီးရင် ဒီတိုင်းသုံးလို့ရလား ၊ ပြင်ဖို့လိုလား ကြည့်ပါတယ်
ကြိုက်ရင် မပြင်တော့ပါဘူး
လိုတယ်ထင်ရင်တော့ Microsoft Office Picture Manager ၊ ဒါမှမဟုတ် Windows Photo Gallery မှာ ပြင်ပါတယ်
Auto Correct (Auto Adjust)လုပ်လိုက်ရင် အဆင်ပြေတာ များပါတယ်
ပိုပြီးထင်ရှား ပြတ်သားချင်ရင် Contrast တိုးပါတယ်
Color temperature တိုးရင် အရောင် ပိုလှလာတတ်ပါတယ်
ကိုယ် လိုချင်တဲ့ အပိုင်းကို ဖြတ်ထုတ်ဖို့ ၊ ဒါမှမဟုတ် ကိုယ်မလိုချင်တဲ့ အပိုင်းကို ဖယ်ပစ်ဖို့ Crop လုပ်လို့ ရပါတယ်

ဒီလောက်ဆို လေပြေ အတွက်တော့ တော်တော် အဆင်ပြေပါတယ်
Professional Camera နဲ့ဆိုရင်တော့ ဒီလိုတွေ လုပ်ဖို့ လိုမယ်မထင်ပါဘူး
ပုံအရည်အသွေးက ကောင်းမှာပါ

ပန်းကန်ထဲ ဘယ်ပုံစံထည့်မလဲ ၊ ဘယ်လောက် အနီးကပ် ရိုက်မလဲ ဆိုတာကို ဟင်းချက်နည်း စာအုပ်တွေ ၊ web site တွေကနေ ကြည့်လိုက်တာပါပဲ

ပြီးတော့ ဓါတ်ပုံရိုက်ရင် လှဖို့ခက်တဲ့ အစားအစာမျိုးကို သတိထားပါတယ် ၊ ဓါတ်ပုံရိုက်ကြည့်လို့ မလှရင် ပိုစ့်မတင်တော့ပါဘူး ... :D

ဓါတ်ပုံလှလှလေးတွေ ရိုက်နိုင်ကြပါစေ

******************************************************************************************

How do I take the picture of food?

I am just an amateur in photography.
But let me share my ways of how to take the food pictures.

I use my mobile phone camera to shoot the dishes.
Use close up mode in day times and night mode at night times.
I am used to take many photos so I can choose the best one.

I usually use Microsoft Office Picture Manager or Windows Photo Gallery for touch up things.

I refer recipe books and websites to learn how they take food photos.
And I am used to stay away from food which are hard to get good look in photos :D

Wednesday, June 10, 2009

ကြက်ဆီထမင်း (Chicken Rice)

ကြက်ဆီထမင်း ရိုးရိုးလေး လုပ်စားပါတယ်

း)
စားကြပါဦး


ချက်နည်းရေးပါလို့ ပြောကြလို့ ကိုယ်လုပ်စားတဲ့ ပုံစံလေးကို ရေးလိုက်ပါတယ်
လွယ်လွယ်ပဲချက်တာပါ

အရိုးထုတ်ထားတဲ့ ကြက်ပေါင်သား (အရေခွံပါတဲ့ဟာ) ကို ရေခပ်များများ၊ မီးအေးအေးနဲ့ ပြုတ်ပါတယ်
ပြုတ်ရင် အရေခွံကို အောက်ဘက်က ထားပါတယ်
ရေခန်းပြီး ဆီထွက်လာရင် မီးအေးအေးမှာ နည်းနည်းကြာအောင် ထားပါ
အဆီလိုချင်လို့ပါ
အရေခွံ မာလာပြီ ၊ ဆီကုန်လောက်ပြီ ဆိုရင်တော့ မီးဖိုပေါ်က ချလို့ရပါပြီ
အရေခွံကို ခွာ ၊ လက်ညှိုးလောက် ကြက်သားတုံးလေးတွေရအောင် ဓားထက်ထက်နဲ့ လှီးပါတယ်
(လေပြေကတော့ အရေခွံကို ကြက်ဆီထမင်းထဲ မထည့်တော့ပါဘူး)

ချက်ပြီးသားထမင်းကို ကိုယ်စားမယ့်ပမာဏလောက်ယူ ၊
ကြက်ဆီ ၊ ခရုဆီနည်းနည်း ၊ တရုတ်ငံပြာရည်အပြစ် နဲ့ နယ်ပါတယ်
ပုံဖော်ဖို့ ပန်းကန်လုံးထဲ နယ်ထားတဲ့ ထမင်းထည့် ၊ ခပ်ဖိဖိလေးသိပ်ပြီး စားမယ့်ပန်းကန်ထဲမှာ မှောက်ချလိုက်ပါ

လှီးထားတဲ့ ကြက်သားကို ရေနွေးပူပူထဲ ခဏထည့်စိမ် ၊ ပြီးတော့ ပုံဖေါ်ထားတဲ့ ထမင်းပေါ် တင်ပါ
ငရုတ်ဆီ နည်းနည်း ၊ တရုတ်နံနံ ၊ သခွားသီးစိတ် ၊ ခရမ်းချဉ်အကွင်း တွေ အမြင်လှအောင် စီထည့်ပြီး စားလို့ရပါပြီ
(မုန်လာဥနီကို ပန်းပွင့်ပုံဖေါ်ထားတာနဲ့ ၊ ကြက်သွန်နီကွင်း တွေလည်း ထည့်လို့ရပါတယ်)

ကြက်ဆီထမင်းချက်တဲ့အနှစ်နဲ့ ချက်လည်းရပါတယ် ၊ မချက်ဖူးသေးပါဘူး
တစ်ချို့ က ကြက်ကင် (Roasted Chicken) နဲ့ လုပ်ပါတယ် ၊ အခု သုံးထားတာက ကြက်ပြုတ် (Steamed Chicken)ပါ

******************************************************************************************

Just my simple recipe ... Chicken Rice :)
* Boil the chicken , some oil will released from chicken fat.
* Mix rice with this chicken oil , soy sauce and oyster sauce.
* Shape this rice with a bowl.
* Cut the chicken into slices.
* Put these chicken slices on the rice and garnish with cucumber, tomato, onion , carrot and fresh coriander leaves.

Monday, June 8, 2009

သီးစုံထမင်း + ကြက်သားဟင်း

Mixed fruit rice

ထမင်းကို ထောပတ် ငွေ့ငွေ့လေး ထည့်ထားတယ်

ကြက်သားဟင်းနဲ့

စားနော်
း)
လွယ်လွယ်ပဲ ချက်ပါတယ်
ထမင်းကို ခပ်မာမာချက် ၊ ကျက်ပြီဆိုရင် အသင့်လှီးထားတဲ့ မုန်လာဥနီ ၊ ပဲစေ့စိမ်း ၊ ပြောင်းဖူးစေ့ ၊ စပျစ်သီး တွေကို ထည့်ပါတယ်
သီဟိုစေ့ထည့်လည်း ကောင်းပါတယ်
ထမင်း နို့ဆီဗူးနှစ်ဗူး (ပလတ်စတစ်ခွက် လေးခွက်)ဆိုရင် ထောပတ်ကို ထမင်းစားဇွန်းနဲ့ နှစ်ဇွန်းမောက်မောက် ထည့်ပါတယ်
ထမင်းပူနေတုန်း ထည့်ထားတဲ့ အဆာတွေကို ထမင်းမကြေအောင် အသာမွှေ ၊ အဖုံးပြန်အုပ်ပြီး နှပ်ထားပါ
လေပြေကတော့ ထမင်းပေါင်းအိုးက cook ခလုပ်ကို ပြန်နှိပ်ထားလိုက်ပါတယ်
ဒါဆို သီးစုံထမင်း လွယ်လွယ်ချက်တာလေး ရပါပြီ
******************************************************************************************
First, I cook the rice with rice cooker.
When the rice is cooked , I add ready made vegetables (carrot cubes, green beans and corn), raisins.( You can also add cashew nuts)
Add 2 table spoons of butter to the rice.
Mix softly and thoroughly the rice , vegetables and butter.
After that, I cooked the rice again for about 3 to 5 minutes.

Sunday, June 7, 2009

ခေါက်ဆွဲကြော်

Fried Noodle

ကော်ဖီသောက်မိလို့ ညက အိပ်မပျော်ပါ
ခေါက်ဆွဲထကြော်တာ နှစ်နာရီ ကြာပါတယ်
း)
ကြော်လို့လည်းပြီးရော မနက် လေးနာရီ ရှိပြီမို့ အရုဏ်ဆွမ်းကပ်လိုက်တယ်
း)
ဒါက ဆွမ်းတော် ပန်းကန်နော်

အသီးအရွက်တွေ မစားဖြစ်တော့ အိမ်မှာ အရမ်းများလာလို့ ခေါက်ဆွဲကြော်ထဲ အများကြီးထည့်လိုက်တယ်း)
ဘုရားစူး ခေါက်ဆွဲကြော်ပေါ့ ၊ ခေါက်ဆွဲကို မနည်းရှာရမယ်
( မုန်လာဥနီ ၊ ရွှေပဲ ၊ ပဲပင်ပေါက် ၊ ပဲပြား ၊ ပန်းဂေါ်ဖီ (အဝါ ၊ အစိမ်း)၊ မုန်ညင်းထုပ် ၊ ကိုက်လန် ၊ တရုတ်နံနံ ၊ကြက်သွန်နီ ၊ ကြက်ဥ)
( ခေါက်ဆွဲဆို ခရုဆီထည့်ကြော်တာ ကြိုက်တယ် ၊ ကြာဇံကြော်ရင်တော့ နှမ်းဆီမွှေးလေးနဲ့ )

*********************************************************************************************
Happy !!!
Most of the people know how to cook fried noodle.
So, I don't need to write recipe :P
But let me say one thing " I love to put oyster sauce to fried noodle"