Spicy Prawn
မင်္ဂလာပါ ၊ မတွေ့တာကြာပြီနော်း)
ဒီဟင်းလေးက မဆလာများများအုပ်ပြီး အရည်ဆမ်းစားရတဲ့ ဟင်းမျိုးပေါ့
ပုစွန်ကို ရေဆေး ၊ ခေါင်းတစ်ဝက်လောက်ကို ကတ်ကြေးနဲ့ညှပ် ၊ ခြေလက်လေးတွေနဲ့ အမြီး ဖြုတ်
ချေးအိပ်၊ ချေးကြောင်းထုတ်ထားပါတယ်
ကြက်သွန်ဖြူ ၊ကြက်သွန်နီ ခပ်ကြမ်းကြမ်းစင်းပြီး ဆီသတ် ၊ နွမ်းလာရင်
နနွင်း နဲ့ ငရုတ်သီး အစိမ်းမှုန့် ထည့်မွှေ
ရေဆေးပြီး သန့်ထားတဲ့ ပုစွန်တွေ ထည့်မွှေပါတယ်
ပြီးမှ ရေနည်းနည်းထည့်ပြီးတည်
ရေဆူလာပြီဆိုရင် ဆား ၊ အချိုမှုန့် ထည့်ပြီး မဆလာ ခတ်ပါတယ်
မန်ကျည်းမှည့် အရည်ဖျော်ထားတာကို ဇွန်းလေးနဲ့ ချိန်ပြီးထည့်ပါတယ်
တစ်ခါတည်း အများကြီးထည့်ရင် ချဉ်သွားမှာ စိုးလို့ပါ
အရသာ မြည်းကြည့်ပြီး ကြိုက်ရင်တော့ စားလို့ရပါပြီ
ဘလော့လေးကို သေမသွားစေချင်လို့ တစ်လတစ်ပုဒ်လောက်တော့ တင်နိုင်အောင် ကြိုးစားနေပါတယ်
January မှာ ပိုစ့်မတင်ဖြစ်တာ နှမျောလိုက်တာ
Tuesday, February 2, 2010
Subscribe to:
Posts (Atom)