Pages

Saturday, December 12, 2009

မျှစ်ကြော်ချဉ်စပ်း)

Fried Bamboo Shoots (Sour & Spicy)

မျှစ်ကို ချဉ်ချဉ် စပ်စပ် မွှေးမွှေးလေး ကြော်ထားတာပါ ၊ စားလို့ကောင်းတယ်း)

မျှစ်ကို ပြုတ် ၊ ရေစစ်ပြီး ဆား၊ အချိုမှုန့်နဲ့နယ်ပါတယ်
ကြက်သွန်ဖြူ ပါးပါးလှီးကို နည်းနည်းညိုတဲ့အထိ ဆီသတ်
လှီးထားတဲ့ ငြုပ်သီးစိမ်းထည့်မွှေ
ပြီးတော့ အရသာနယ်ထားတဲ့ မျှစ်ကိုထည့်မွှေပါတယ်
မျှစ်လေးတွေ နည်းနည်း ခြောက်လာရင် ရပါပြီ

စားတော့မယ်ဆိုမှ သံပုရာသီးလေး တစ်ခြမ်းလောက် ညှစ်လိုက်ပါ
သံပုရာခွံပါးပါးလှီးထားတာ နည်းနည်းဖြူးပြီး အလှပြင်လို့လည်း ရပါတယ်

အသားထည့်ကြော်ချင်ရင် ကြက်သွန်ဖြူဆီသတ်ပြီးတဲ့ အချိန်မှာ ထည့် ၊ ရေနည်းနည်းနဲ့ ကျက်အောင် အရင်လုပ်လိုက်ပါ
အသားကျက်ပြီး ဆီပြန်လာမှ ကျန်တဲ့ ငြုပ်သီးစိမ်းတို့ ၊ မျှစ်တို့ ထည့်တာပေါ့
စားကြပါဦးး)

Sunday, November 1, 2009

ငါးပေါင်း

My Steamed Fish :)





လာလည်တဲ့သူတွေနဲ့ မတွေ့ရတာ ကြာပြီနော်
စားကြပါဦး
း)

ငါး အကောင်လိုက်ကို ပါးဟက်ထုတ် ၊ အကြေးထိုး ၊ ဆူးတောင် ဖြုတ်၊ ဗိုက်ခွဲပြီး ကလီစာထုတ်ထားပါတယ်
ရေ သေချာဆေးပြီး ချင်းအမျှင်လေးတွေ ၊ ကြက်သွန်ဖြူ လှီးထားတာတွေ ၊ ဆား ၊ ရှာလကာရည်နည်းနည်း ၊ ပဲငန်ပြာရည် အကြည် ၊ အချိုမှုန့်နည်းနည်း နဲ့ နယ် ၊ ပေါင်းမယ့် ပန်းကန်ပြားထဲ ထည့်ပါတယ်
စောက်နက်တဲ့ ဒယ်အိုးပြားနဲ့ ရေဆူအောင်တည် ၊ ရေဆူလာရင် ငါးပန်းကန်ကို ဒယ်အိုးထဲထည့် ၊ အဖုံးအုပ်ပြီး ၁၅ မိနစ်လောက် ပေါင်းပါတယ်
ဒယ်အိုးထဲက ထုတ်ပြီး ပူပူနွေးနွေး ရှိတုန်းမှာ သံပုရာရည် နည်းနည်းညှစ် ၊
ဖြတ်ထားတဲ့ နံနံပင် ၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း ၊ မညက်တညက် ထောင်းထားတဲ့ မြေပဲလှော် ၊ သံပုရာသီးကွင်းလေးတွေ နဲ့ အလှပြင်ပြီး စားလို့ရပါပြီ
ဘယ်လိုချက်လဲ မေးထားတာ ရေးဖို့ နောက်ကျသွားလို့ စိတ်မရှိကြပါနဲ့နော်

ဒီမှာလည်း ငါးပေါင်းနည်းတွေး)
(let me show your links, thank you :))
1. http://mgwaiyan.blogspot.com/2009/01/blog-post.html
2. http://smokenspice.blogspot.com/2007/10/blog-post_27.html
3. http://moemoestar.blogspot.com/2009/08/blog-post_09.html
4. http://rasamalaysia.com/steamed-fish-recipe/

Tuesday, October 6, 2009

ကြက်သားနဲ့ ကြက်ဥး)

Chicken n Eggs :D


ကြက်သားကို သေးသေးတုံးပြီး ခရမ်းချဉ်သီးနဲ့ ချက်ထားတာပါ ၊ အပေါ်က ကြက်ဥပြုတ်လေးနဲ့

မူရင်း ဟင်းချက်နည်းမှာ ဆလပ်ရွက်လေးတွေ ခင်းထားပါတယ် ၊ ပြီးတော့ ပဲငါးပိအစပ်လည်း ပါတယ်ထင်တယ်

ဟင်းချက်နည်း ပြန်ရှာတာ မတွေ့တော့ဘူးး(

Sunday, September 27, 2009

သခွားသီး သနပ်

Cucumber salad (different style)

ဒါက ပုစွန်ခြောက်နဲ့သုပ်တဲ့ အသုပ်မျိုး မဟုတ်ပါဘူး
သနပ်စုံ သုပ်သလို သခွားသီးကို ချဉ်အောင် ဆန်ရှာလကာရည်နဲ့နှပ်ပြီး
ငရုတ်လှော်မှုန့် ၊ နှမ်းလှော် ၊ ကြက်သွန်နီဆီချက် ၊ ဆား တို့နဲ့ နယ်ထားတာပါ

သနပ်မှာ နှမ်းလှော်၊ ဆီချက်နဲ့ အချဉ်တည်ထားတဲ့ အသီးအရွက်ကို အဓိကထားတယ်လို့ ထင်ပါတယ်

သခွားသီးကို ခြစ်ပြီး rice vinegar နဲ့ ခဏ နယ်ထားရင် အချဉ်ဝင်ပါတယ်
အခုသုံးထားတာ ဒီပုလင်းပါး)


(rice vinegar ပုလင်းပုံကို ဒီက ယူပါတယ်)

Thursday, September 24, 2009

My First Roasted Chicken :)


ပထမဆုံး စမ်းကြည့်တဲ့ ကြက်ကင်ပါ
တရုတ်ငန်ပြာရည်အနောက်နဲ့ အရောင်တင် ၊ ကြက်သားမှုန့်နဲ့ အရသာနယ်ထားပါတယ်
ကင်စက်နဲ့တော့ မဟုတ်ပါဘူး
ရိုးရိုး oven ထဲမှာ အပူချိန် medium နဲ့ ၄၅ မိနစ်လောက် ကင်ထားတာပါ

ကင်လိုက်တော့ အဆီတွေထွက်သွားတယ် ၊ အရေခွံလည်း ပါးပါးလေး ဖြစ်သွားတယ်
အဆီပိုတွေ မစားဖြစ်တော့ဘူးပေါ့
စားပါဦးး)

Monday, September 21, 2009

Taiwanese Glutinous Rice :)





ကောက်ညင်းဆန်နဲ့ မှိုကို ညကတည်းကရေစိမ်ထားပါတယ်
မနက်ကျတော့ ဆန်နဲ့မှိုကို ရေစစ် ၊ မှိုကို ရိုးတံလေးတွေဖယ်ပြီးထည့်ပါတယ်
မြေပဲပြုတ် ၊ ဝက်သားချက်ပြီးသား ၊ ဆီနည်းနည်း ၊ ခရုဆီ ၊ တရုတ်ငံပြာရည် အကြည် ၊ အနောက် ၊ ဆား ၊ သကြား ၊ (ငရုတ်ကောင်းကြိုက်တတ်ရင် ငရုတ်ကောင်းမှုန့်နည်းနည်း)ထည့်ပြီး ရောမွှေပါတယ်

ဆန်က ရေစိမ်ထားတာဖြစ်လို့ ရိုးရိုးချက်နေကျထက် ရေထက်ဝက်လျှော့ထည့်ပါတယ်
ပြီးတော့ ထမင်းပေါင်းအိုးနဲ့ ပေါင်း ၊ ခလုပ်တက်ရင် ကောက်ညင်းမကြေအောင် အသာမွှေ၊ ခလုပ်ပြန်နှိပ်ပြီး ပြန်ချက်ပါတယ်
နောက်တစ်ခေါက် ခလုပ်တက်ရင်တော့ ကောင်းကောင်းနပ်ပါပြီ

ဖက်အလွယ်တကူ မရတာမို့ မထုပ်တော့ပဲ ပေါင်းပဲပေါင်းလိုက်ပါတယ်
ဓါတ်ပုံမှာမြင်ရတာက ပလတ်စတစ်အိပ်ထဲထည့်ပြီး ပုံသွင်းထားတာပါး)

ဒါက အလွယ်နည်းပေါ့ ၊ တကယ်သေချာလုပ်ချင်ရင် ဒီထက်ပြည့်စုံတဲ့ နည်းတွေ ရှိပါတယ်
အောက်မှာလည်း တစ်ခုညွှန်ထားတယ်နော်း)

recipe credit : http://littleguykitchen.blogspot.com/2006/12/taiwanese-glutinous-rice-dumplings.html

Tuesday, September 15, 2009

My Spaghetti :)


spaghetti sauce ပုလင်းကိုဝယ်ပြီး လုပ်တာပါ ၊ သူက ပုလင်းပတ်စက္ကူအတွင်းမှာ ချက်နည်း ပါပါတယ်
ကြက်သွန်နီစင်းပြီး ဆီသတ်၊ sauce အနှစ်နဲ့ ကြက်ကြိတ်သား ထည့်မွှေ ၊ ရေနည်းနည်းထည့်ပါတယ် ။
အသားကျက်ပြီး sauce ပြစ်လာပြီဆို သကြားနည်းနည်း ၊ ဆားနည်းနည်း ထည့်မွှေလိုက်ပါတယ်၊
ခေါက်ဆွဲဖတ်ကို ဆီနည်းနည်းထည့်ပြုတ် ၊ ရရင် ပန်းကန်တစ်ချပ်ထဲမှာ ခေါက်ဆွဲထည့် ၊ sauce အပေါ်ကတင် ၊
နံနံပင်လို ၊ ပူစီနံလို ရွက်စိမ်းလေး တင်လိုက်ရင် ရပါပြီး)
စားကြပါဦး
cheese တော့ မပါပါဘူး

အလင်းရောင်က ညာဘက်မှာ တော်တော်များလို့ ပုံ ဝါးနေပါတယ်း)

Wednesday, September 9, 2009

လွတ်ငြိမ်းလေပြေ ဘလော့တစ်နှစ်ပြည့် အမှတ်တရ

My Hot Pot :)

လေပြေ မှာ ဘလော့နှစ်ခုရှိပါတယ် ၊ ကဗျာတွေရေးလေ့ရှိတဲ့ ဘလော့ရယ် ၊ ဟင်းချက်ပြီး ဓါတ်ပုံလေးတွေတင်တဲ့ ဒီဘလော့ရယ်ပါ ။
(တယ်လည်း လောဘကြီးပါလားနော်း))
ဟိုဘက်ဘလော့လေး တစ်နှစ်ပြည့်မွေးနေ့ အမှတ်တရ hot pot ပါ

ဟင်းရည် အချိုပါပဲ ၊ ကြက်သားနဲ့ ဟင်းရည်လုပ်ထားတာပါ

ပုစွန် ၊ ကြာဇံ ၊ ပန်းဂေါ်ဖီ ၊ မုန်လာဥနီ

ငုံးဥ ၊ ဂေါ်ဖီ ၊ ကြက်သားလုံး ၊ ပဲပြား ၊ တရုတ်နံနံ ၊ ကြက်သွန်မြိတ်

ဒါကတော့ ပုစွန် အသားပေး ပုံလေးပေါ့း)

စားကြပါဦး ....း)

Saturday, August 29, 2009

ချင်းသုပ်း)

Myanmar style ginger salad (yummy!!!!!!!!!!! :))



ဇာတ်လိုက်ကြီး ချင်း (ဂျင်း)
ဂျင်းကို ပါးပါးလှီး ၊
ဆား ၊ အချိုမှုန့် (သို့) သကြား ၊ ရှာလကာရည် (သို့) ရှောက် ၊ သံပုရာရည် တစ်ခုခု နဲ့ နယ်ပြီး နှပ်ရပါတယ်

အရီးတောင်း အထူးစပယ်ရှယ် အစာစုံ နှစ်ပြန်ကြော် တဲ့ (လက်ဆောင်ရတာ :D )

ဂေါ်ဖီပါးပါးလှီး ၊ ပုစွန်ခြောက်မှုန့်လေးထည့်

ပဲကျက်မှုန့် ၊ ခရမ်းချဉ်သီး နဲ့ ဆီစိမ်း ထည့်ပြီး သုပ်ပါတယ် ၊ စားကြပါဦး... :)

Thursday, July 30, 2009

Colorful Rice Balls :)


ငယ်ငယ်တုန်းက တရုတ်ဇာတ်လမ်းတွဲတစ်ခုမှာ တွေ့ဖူးတဲ့ မုန့်လေးပါ ၊ ဘာမှုန့်နဲ့လုပ်မှန်း မသိရဘူးပေါ့ ၊ အမြင်နဲ့ပဲ မှန်းပြီး လုပ်ရတာပါ ၊ အခုတော့ ကောက်ညှင်းမှုန့်နဲ့ လုပ်ထားပါတယ် ၊
သကြားကို ရေဖျော် ၊ ဆားနည်းနည်းလေးထည့် ၊ ခွက်တွေထဲ အညီအမျှခွဲထည့်ပါတယ် ၊ ကိုယ်ဆိုးချင်တဲ့ အရောင်ကို ခွက်လေးတွေထဲ နှစ်စက်လောက်ထည့်ပြီး မွှေပါတယ် ၊ အရောင်နဲ့ အရသာ ရပြီဆိုတော့ အဲဒီရေနဲ့ မုန့်နှစ်နယ်ပါတယ် ၊ ပြီးရင်တော့ ကိုယ်ကြိုက်သလို ကစားလို့ ရပါပြီ ...း)

ကြက်ဥ ၊ ရွှေဖရုံသီး ၊ ဘောလုံး ပုံ .. စိတ်ကူးတည့်သလို မုန့်နှစ်အရောင်မျိုးစုံ ပူးပြီး လုံးလိုက်ပါတယ်
ဥပမာ ကြက်ဥပုံဆို အတွင်းက မုန့်နှစ်အဝါ ၊ အပြင်က မုန့်နှစ်အဖြူ ပေါ့

စိတ်တိုင်းကျ ကစားပြီးရင်တော့ မုန့်လုံးရေပေါ်လိုပဲ ပြုတ် ၊ ရေပေါ် ပေါ်လာရင် ဆယ်ပြီး ရေအေးနဲ့စိမ် ၊
ဒီတိုင်းစားရင် အီကွေ့နဲ့ အရသာဆင်ပါတယ်
(တရုတ်ကားထဲက မင်းသမီးကတော့ ဆီနဲ့ အဲဒီမုန့်လုံးတွေကို ကြော်ပါတယ် ၊ ကြော်လိုက်ရင် အရောင်ပျောက်ပြီး ညိုသွားလို့ ပြုတ်ပဲ ပြုတ်လိုက်တာပါ)
*******************************************************************************************
အုန်းနို့ရည် ပျစ်ပျစ်ကြို ၊ သကြားရည်ကြို ၊
မုန့်လုံးတွေကို သကြားရည်ထဲထည့် ၊ အုန်းနို့ပျစ်ပျစ်ဆမ်းပြီး စားတဲ့နည်းလည်း စာအုပ်တစ်အုပ်ထဲမှာ တွေ့ပါတယ်
သူကတော့ မုန့်နှစ်ကို အရောင်မဆိုးပါဘူး ၊ ဆန်မှုန့်နဲ့ လုပ်တာပါ ၊ ကြက်ဥပြုတ်အလုံးလိုက်လည်း ထည့်ပါတယ်
********************************************************************************************
Just playing with colors and flour :)
Enjoy !!!

Saturday, July 25, 2009

မုန်လာဥပိုးတီသုပ်

Sour and spicy radish salad

မုန်လာဥကို ရေဆေး၊ အခွံခွာ ၊ ပိုးတီလှီးပါတယ်
ဆား ဇွန်းကြီးနှစ်ဇွန်းနဲ့ နာနာနယ် ၊ အစပ်အခါးရည်တွေထွက်အောင် ညှစ်ပစ်ရပါတယ်
ပိုးတီလှီးထားတာ ပြတ်မသွားအောင်တော့ ဂရုစိုက်ပါ

ပြီးရင် ရေစင်အောင်ဆေး ၊ အချဉ်ရည် (ရှာလကာရည် ၊ ရှောက်ရည် ၊ သံပုရာရည်)တစ်ခုခုနဲ့ နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားပါ
နှပ်ပြီးရင် ဆားတွေ ၊ အချဉ်တွေ စင်သွားအောင် ရေပြန်ဆေး ၊ ရေစင်အောင် ပြန်ညှစ်ပါ
ပိုးတီအစွန်းနားလေးကို နည်းနည်းဖဲ့ပြီး မြည်းကြည့်ပါ ၊
အစပ်အခါး အရသာ မကျန်တော့ရင် သုပ်လို့ ရပါပြီ

ဆားနဲ့ အချဉ် အရသာ နည်းနည်းကျန်တာမို့လို့ အချဉ်၊ အငန်ကို လိုသလောက်ပဲ ထပ်ထည့်ပါ
ငရုတ်သီးစိမ်း ပါးပါးလှီး ၊ အချိုမှုန့်နည်းနည်းထည့် ၊ နှမ်းလှော်နည်းနည်း ၊ ကြက်သွန်ဖြူဆီချက် ဖြူးပြီး နှံ့အောင်နယ်ပေးရင် ရပါပြီ
အစာကြေတဲ့ မုန်လာဥဖြူပါး)

*******************************************************************************************
+ Rinse and peel radish
+ Slice it to small pieces
+ Mix with salt and leave for about 15 minutes
+ Squeeze and rinse the radish slices.
+ Soak in vinegar for about 15 minutes.
+ Rinse and squeeze again
+ Mix with shredded chili , MSG , sesame and fried garlic.
+ Enjoy :)

Thursday, July 23, 2009

မုန့်လုံးရေပေါ်

Myanmar style rice snack

ထန်းလျက်ခဲ သေးသေးစိတ် ၊ မုန့်နှစ်ထဲ ထည့်ပြီးလုံးပါတယ်
မုန့်နှစ်က ကောက်ညင်းမှုန့် ငါးဆ၊ ဆန်မှုန့် တစ်ဆ ဆို အဆင်ပြေပါတယ် (မမလုလု..ဆီက သိရပါတယ်)

ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြုတ်ပါတယ် ၊ ရေပေါ် ပေါ်လာရင် ချက်ချင်းမဆယ်သေးဘဲ ခဏထားပါတယ် ၊
မုန့်နှစ်သေချာကျက်အောင်ပါ

ပြီးရင် စကာနဲ့ဆယ် ၊ ရေအေးထဲစိမ်ပါတယ်
အဲဒီ စိမ်တဲ့ရေ ပူလာရင် ရေအေးလဲပေးဖို့ လိုပါတယ်

အုန်းသီးမှုန့်ဖြူးပြီး စားလို့ရပါပြီ ၊ လေပြေတော့ အုန်းသီးမှုန့် မရှိလို့ ဒီတိုင်းလေးပဲ စားလိုက်ရပါတယ်း)
*********************************************************************************************
One of Myanmar style rice snack made with glutinous rice flour and jaggery.
+ make small pieces of jaggery.
+ mix 5 parts of glutinous rice flour with a part of rice flour , add small amount of water to get a paste.
+ stuff jaggery in rice flour paste and shape as a ball.
+ put these rice balls into boil water and leave until the balls become floating.
+ take these balls out and put them into water (I mean water at normal temperature) to let them cold.
+ take out from water, drain and taste it :)
+ you can also garnish with shredded coconut.

Saturday, July 18, 2009

My Sushi :)


ဒီ sushi လေးတွေက လက်နဲ့ပဲ လိပ်ထားတာပါ
ထမင်းကို နည်းနည်းစေးအောင် နယ်လိုက်ရင် ဝါးယင်းလိပ်မသုံးလည်း လိပ်လို့အဆင်ပြေပါတယ်
တစ်ယောက်စာထမင်းကို ရှာလကာရည် ဇွန်းကြီးနှစ်ဇွန်း ၊ သကြား ဇွန်းကြီးတစ်ဇွန်း ၊ ဆားဇွန်းသေး တစ်ဝက်လောက်နဲ့နယ်
ရေညှိရွက်အကြီးပေါ် ဖြန့်ခင်း (ထမင်းကို ရေညှိအပြည့် မခင်းရပါဘူး ၊ ဘေးပတ်လည်မှာ တစ်လက်မစီလောက် နေရာချန်ထားတာ ကောင်းပါတယ်)
(လက်နဲ့လိပ်မယ်ဆိုရင် ရေညှိပေါ် ထမင်းခင်းတဲ့အခါ ၊ ထမင်းပေါ် အဆာခင်းတဲ့အခါ နည်းနည်းဖိပြီးခင်းပါ)
အရှည်လိုက်လှီးထားတဲ့ သခွားသီး ၊ မုန်လာဥနီ ၊ ကြက်အူချောင်း(ပြုတ်ထားတယ်) ထည့်ပြီး လိပ်ထားတာပါ
(ထောပတ်သီး ၊ ဂဏန်းချောင်း ၊ ကြက်ဥကြော် တွေလည်း ထည့်လို့ရပါတယ်)

ထမင်းလိပ်ပြီးရင် ဓါးထက်ထက်နဲ့ လှီးရပါတယ် ၊ (ဓါးမှာ ထမင်းတွေ ပေသွားရင် ရေဆေး၊ ရေခြောက်အောင်သုတ်ပြီးမှ ပြန်သုံးပါ)
ရေစိုရင် ရေညှိက ပြဲသွားတတ်ပါတယ် ၊ ရေညှိခြောက်လွန်းရင်လည်း လိပ်လို့ မကောင်းပါဘူး ၊ ရေနွေးငွေ့ နည်းနည်းရိုက်ပေးရင် အဆင်ပြေပါတယ်
တစ်ယောက်စာဆိုရင် ကြက်အူချောင်းတစ်ချောင်း ၊ မုန်လာဥနီနဲ့ သခွားသီးက အရှည်လိုက်လှီးထားတာ တစ်စိတ်စီလောက်ဆို ရပါပြီ
အဆာရော၊ ထမင်းရော သိပ်အများကြီး မထည့်ရပါဘူး ၊ လိပ်လို့အဆင်ပြေအောင်ပါ ။
*******************************************************************************************
Simple roll of sushi with cucumber, carrot and sausage.
It reminds me of one sweet day :)
Enjoy :)

Friday, July 17, 2009

မုန့်လုံးကြီး

Myanmar style rice snack


ကိုယ်တိုင်လုပ်တဲ့ ပထမဆုံး မုန့်လုံးကြီးပါ
ငယ်ငယ်တုန်းက အမေ့ကို မေးဖူးတယ် ၊ မုန့်လုံးကြီးဆိုပြီး ဘာလို့ ခပ်ပြားပြား ဖြစ်နေတာလဲ လို့ ..း)
အခုမုန့်ကိုတော့ လုံးလုံးလေး ဖြစ်အောင် လုပ်ထားတယ်
ကောက်ညင်းမှုန့်ကို ရေနဲ့နယ် (မုန့်နှစ်ကို မာမာလေးနယ်မှ မုန့်လုံးလို့ကောင်းပါတယ် )
အုန်းသီးမှုန့်နဲ့ သကြားနယ်ပြီး အဆာသွပ် ၊
ဆီများများ ၊ မီးအေးအေးနဲ့ ကြော်ပါတယ်
အုန်းသီးအစား ပဲယိုထည့်လည်း ရပါတယ် ၊ ဒါပေမဲ့ ကြိုက်ဘူး
********************************************************************************************
It is one of Myanmar style rice snacks made with glutinous rice flour, shredded coconut and sugar.
+ Add certain amount of water to rice flour to make a paste. Be sure not to add too much water.
+ Mix shredded coconut with sugar.
+ Stuff coconut into flour paste.
+ Fry and enjoy :)

Sunday, July 12, 2009

ကြံခင်း ထမင်းသုပ်

Rice salad in different styles


အစ်မလိုချစ်ရတဲ့ သူငယ်ချင်း က အသင့်စားလို့ရတဲ့
ထမင်းသုပ် အထုပ်လေးတွေ လက်ဆောင်ပေးပါတယ်

လေပြေ အကြိုက်ဆိုရင် ပုစွန်ခြောက်မှုန့် နည်းနည်း ထပ်ထည့်ချင်တယ်
း)
နံနံပင်လေးနဲ့စားချင်တဲ့ ချစ်မမ အတွက် နံနံပင်ထည့်ထားတယ်နော်း)
ဒီမှာလေ ready made :P

********************************************************************************************

Because our country (Myanmar) mainly based on rice as a main food, our people are used to eat rice in many different styles.
The dish in this post is made with a rice salad recipe from a town named "Kyan Khin"
It is a simple mix of rice, dry shrimp powder, fried garlic, fried chili powder , bean powder and fish sauce.
Enjoy :)

Thursday, July 2, 2009

ဝက်သားပေါင်း

Boiled Pork with Oyster Sauce

ဝက်သား (အစိတ်သားလောက်)ကို ကြက်သွန်ဖြူကြီးကြီး ၄ မြွှာ ၊ knorr ကြက်သားခဲ တစ်ခဲ ထည့်၊
ရေများများ ၊ မီးအေးအေးနဲ့ ပြုတ်ပါတယ်
ဝက်သားနူးလို့ ချခါနီးမှာ ခရုဆီ ထမင်းစားဇွန်းနဲ့ နှစ်ဇွန်း ၊ ပဲငံပြာရည်အနောက် လဖက်ရည်ဇွန်း တစ်ဇွန်းလောက်ထည့်
မုန်ညင်းခက်လေးတွေ ထည့်ပါတယ်

ဒါက လှီးပြီးသား

ဒါက မလှီးရသေးတာ
း)

**********************************************************************************************
Boil pork with garlic, chicken powder for about 30 minutes
Left some broth and add oyster sauce, soy sauce and greens.

Monday, June 29, 2009

အသုပ်စုံ

Myanmar style salad with many ingredients :)

ဂျုံကြာဇံ ၊ ခေါက်ဆွဲ ၊ စမူဆာ ၊ အာလူးပြုတ် ၊ ထမင်းကို ငရုတ်ဆီနဲ့နယ်ထားတာ

ကော်ပြန့် ၊ ကြက်သွန်နီ ၊ ပဲပင်ပေါက်(ရေနွေးဖျော) ၊ ဆန်ကြာဇံ

အစားပုပ်တော့ ဒီထက် စုံအောင် ထည့်ချင်သေးတာ
း)
စားကြပါဦး

*******************************************************************************************
Simply Myanmar style salad
You can add noodle, vermicelli, rice with chili sauce, boiled potato, onion, bean sprout, and many more you want :)
Mix these with salt, fish sauce , tamarind juice, chili powder
Garnish with fried shallot or fried garlic
Being a foodie, I add spring roll and samosa to my salad :)

Monday, June 22, 2009

ခရမ်းချဉ်သီး ငါးပိချက်

Fish and tomato paste (salty , sour and spicy :)

ငါးပိရည်ဆိုတာ မြန်မာလူမျိုး တော်တော်များများ ကြိုက်ကြတဲ့ အစားအစာပါ
သွေးတိုးရှိလို့ အငန်ရှောင်ရတဲ့သူတွေ (အိမ်က မေမေ လည်းပါတယ်း) ကျတော့ ငါးပိ မစားရတော့ဘူး
ဒါကြောင့် ခရမ်းချဉ်သီးငါးပိချက် လေးပဲချက်ပြီး နှစ်သိမ့်လိုက်ပါတယ်

ငါးကို နနွင်း၊ ဆား ၊ ဂျင်း ထည့်ပြီး ရေနည်းနည်းနဲ့ပြုတ် ၊ အသားနွှင်ထားတယ်
ခရမ်းချဉ် ၊ ငရုတ်သီး ၊ နံနံပင် လှီးထားတယ်

ဆီပူလာရင် နနွင်းနဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး အရောင်တင်တယ်
ခရမ်းချဉ်သီး နဲ့ ငါး ထည့်မွှေတယ်
ခရမ်းချဉ် အနှစ်ကျလာပြီး ငါးနဲ့ သမသွားပြီဆိုရင် အရသာမြည်းပါတယ်
(ငန်ပြာရည် ငါးစက်လောက် ထည့်လိုက်တယ်း)
အရသာ မြည်းပြီးရင် အိုးကို မီးဖိုပေါ်ကချပြီး နံနံပင်နဲ့ ငရုတ်သီး အုပ်လိုက်တာပါပဲ

သခွားသီးလေးနဲ့ တို့စားနော်

း)
******************************************************************************************
Boil fish with some water , ginger and salt , and debone it.
Slice tomato, chili and coriander leaves.
Make the pan hot, add some oil and chili powder.
Add tomato, fish and stir until they become paste.
Taste the paste and add some salt if desired.
Garnish with chili and coriander leaves.
Lovely Myanmar dish :)

Saturday, June 20, 2009

ပဲပြားပုစွန်ဟင်းချို

Bean curd soup


ပဲပြားကို တြိဂံတုံးလေးတွေတုံး ၊ အကျယ်ဆုံးမျက်နှာပြင်မှာ ပုစွန်အစာထည့်ဖို့ ဇွန်းနဲ့ ဖောက်ပါတယ်
ပုစွန်ကို တောက်တောက်စင်း၊ ဆား ၊ ငရုတ်ကောင်းတို့နဲ့နယ်ပြီး ဖောက်ထားတဲ့ ပဲပြားထဲကို အစာသွပ်ပါတယ်
ရေနွေးဆူအောင်တည် ၊
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ခတ်
အစာသွပ်ထားတဲ့ ပဲပြားတွေထည့်ပြီး ကျက်အောင် ခဏထားပါတယ်
knorr ဟင်းချိုခဲ ထည့်လို့ရပါတယ်
ဟင်းချိုအိုးချခါနီးမှာ ရေမုန်ညင်းခက်လေးတွေ ထည့်ပါတယ်
မှန်ရောင်လေးနော်း)

******************************************************************************************
Just a soup of bean curd (stuffed with minced prawn)