ဘလော့လောက.. ကမိတ်ဆွေများကို သတိရနေပါတယ်း)
ဖက်ထုပ် စားကြပါဦး ။ ကြက်သားနဲ့လုပ်ထားတာပါ ။

ကြက်ကြိတ်သားကို ပဲငန်ပြာရည်အကြည် ၊ နှမ်းဆီမွှေး ၊ ဆား ၊ အချိုမှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သွန်မြိတ်ပါးပါးလှီး နည်းနည်းစီနဲ့ နယ်ပါတယ်
ဖက်ထုပ်ဖတ်လေးတွေထဲ အဲဒီအဆာထည့်၊ ရေနည်းနည်းနဲ့ ဖက်ကိုသုတ်ပြီး ပိတ် ၊ ကိုယ်ကြိုက်တဲ့ပုံလေး ခေါက်လိုက်ပြီးတော့ ဆီများများနဲ့ ကြော်လည်း ရပါတယ် ၊ ပေါင်းလို့လည်း ရတယ် ၊ ရေနည်းနည်းနဲ့ ပြုတ်လည်း ရပါတယ်း)

များများကြည့်ရအောင် ပုံများများတင်လိုက်ပါတယ်

တစ်ခုတည်းကို အနီးကပ်ရိုက်ထားတဲ့ပုံ ၊ အကြီးချဲ့ ကြည့်ပါလား ၊ ချစ်စရာလေး

ဒါက ပေါင်းထားတာပါ
