Agar agar with coconut milkသင်္ကြန်နားနီးလာပြီဆိုတော့ (မွေးနေ့ရောက်တော့မယ်...း) အီကား စကားချပ်)
သင်္ကြန်စာလေး တင်ချင်လို့ပါ

အိုးသန့်သန့်တစ်လုံးထဲကို ရေ တစ်လီတာခွဲ၊ အုန်းနို့ ၅၀၀ မီလီလီတာ ၊ သကြား ၅၀၀ ဂရမ် ၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပြီး ကျိုပါတယ် ။ ရေဆူလာပြီဆိုရင် တယ်လီဖုန်းတံဆိပ်ကျောက်ကျော ၂၅ ဂရမ်ကို ပန်းကန်တစ်လုံးမှာ ရေနည်းနည်းနဲ့ ဖျော် ၊ အုန်းနို့ရည်အိုးထဲ လောင်းထည့်ပြီး မွှေပါတယ်။

ကျောက်ကျောမွှေတဲ့ဇွန်းမှာ ကျောက်ကျောမှုန်လေးတွေ မမြင်ရတော့ဘူးဆိုရင် ပန်းကန်ပြားထဲမှာ ကျောက်ကျောတစ်ဇွန်းလောက် လောင်းပြီး ခဲ၊ မခဲ စမ်းကြည့်ပါ
ကျောက်ကျောခဲပြီဆိုရင် ဗန်းထဲထည့်ပြီး အအေးခံလို့ရပါပြီ
မီးဖိုပေါ် အိုးစတည်တဲ့အချိန်က စတွက်ရင် တစ်နာရီလောက်တော့ ကျိုရပါတယ် ။

စားကြပါဦး ၊ ပိုစ့်အသစ် ထပ်မတင်နိုင်ရင်လည်း ဒါလေးကိုပဲ မွေးနေ့အတွက်လို့ မှတ်ပါနော်း)

အုန်းနို့များသွားလို့ ကျောက်ကျောလွှာ မညီဘူး ဖြစ်သွားပါတယ် ၊ အုန်းနို့ ၂၅၀ မီလီလီတာလောက်ဆို အတော်ပဲ နေမှာပါ
အတိုင်းအတာတွေအတွက် ခေါင်းမစားပါနဲ့နော်
ရေချိန်ဖို့ ရေသန့်ပုလင်းဟောင်းကို သုံးလို့ရသလို ၊ ကျန်တဲ့ပစည်းတွေကလည်း သူတို့ကို ထုပ်ထားတဲ့ အိတ်ပေါ်မှာ ဘယ်လောက်ပမာဏပါတယ်ဆိုတာ ရေးထားတာမို့လို့ ကိုယ်ထည့်ချင်သလောက် မှန်းပြီး ယူလိုက်ရုံပါပဲ
ဥပမာ သကြားက ၁ ကီလိုဂရမ်အထုပ် ၊ ကိုယ်သုံးမှာက ၅၀၀ ဂရမ်ဆို အထုပ်တစ်ဝက်လောက် မှန်းပြီးထည့်လို့ရတာပါပဲ
ဓါတ်ပုံမလှခြင်း သည်းခံပါး)
မြန်မာနှစ်သစ်မှာ အားလုံး စိတ်ချမ်းသာကြပါစေ
(ကျောက်ကျောတွေစီထားပုံကိုကြည့်ပြီး
Mitsubishi logo ကိုတောင် သတိရမိတယ် ;)
ကျောက်ကျောမစားဖူးဘူးတဲ့ တစ်ယောက်သောသူကိုလည်း သတိရပါတယ်)