


ကောက်ညင်းဆန်နဲ့ မှိုကို ညကတည်းကရေစိမ်ထားပါတယ်
မနက်ကျတော့ ဆန်နဲ့မှိုကို ရေစစ် ၊ မှိုကို ရိုးတံလေးတွေဖယ်ပြီးထည့်ပါတယ်
မြေပဲပြုတ် ၊ ဝက်သားချက်ပြီးသား ၊ ဆီနည်းနည်း ၊ ခရုဆီ ၊ တရုတ်ငံပြာရည် အကြည် ၊ အနောက် ၊ ဆား ၊ သကြား ၊ (ငရုတ်ကောင်းကြိုက်တတ်ရင် ငရုတ်ကောင်းမှုန့်နည်းနည်း)ထည့်ပြီး ရောမွှေပါတယ်
ဆန်က ရေစိမ်ထားတာဖြစ်လို့ ရိုးရိုးချက်နေကျထက် ရေထက်ဝက်လျှော့ထည့်ပါတယ်
ပြီးတော့ ထမင်းပေါင်းအိုးနဲ့ ပေါင်း ၊ ခလုပ်တက်ရင် ကောက်ညင်းမကြေအောင် အသာမွှေ၊ ခလုပ်ပြန်နှိပ်ပြီး ပြန်ချက်ပါတယ်
နောက်တစ်ခေါက် ခလုပ်တက်ရင်တော့ ကောင်းကောင်းနပ်ပါပြီ
ဖက်အလွယ်တကူ မရတာမို့ မထုပ်တော့ပဲ ပေါင်းပဲပေါင်းလိုက်ပါတယ်
ဓါတ်ပုံမှာမြင်ရတာက ပလတ်စတစ်အိပ်ထဲထည့်ပြီး ပုံသွင်းထားတာပါး)
ဒါက အလွယ်နည်းပေါ့ ၊ တကယ်သေချာလုပ်ချင်ရင် ဒီထက်ပြည့်စုံတဲ့ နည်းတွေ ရှိပါတယ်
အောက်မှာလည်း တစ်ခုညွှန်ထားတယ်နော်း)
recipe credit :
http://littleguykitchen.blogspot.com/2006/12/taiwanese-glutinous-rice-dumplings.html