Pages

Tuesday, February 2, 2010

ပုစွန် ဂဏန်းဟင်း

Spicy Prawn

မင်္ဂလာပါ ၊ မတွေ့တာကြာပြီနော်း)
ဒီဟင်းလေးက မဆလာများများအုပ်ပြီး အရည်ဆမ်းစားရတဲ့ ဟင်းမျိုးပေါ့



















ပုစွန်ကို ရေဆေး ၊ ခေါင်းတစ်ဝက်လောက်ကို ကတ်ကြေးနဲ့ညှပ် ၊ ခြေလက်လေးတွေနဲ့ အမြီး ဖြုတ်
ချေးအိပ်၊ ချေးကြောင်းထုတ်ထားပါတယ်

ကြက်သွန်ဖြူ ၊ကြက်သွန်နီ ခပ်ကြမ်းကြမ်းစင်းပြီး ဆီသတ် ၊ နွမ်းလာရင်
နနွင်း နဲ့ ငရုတ်သီး အစိမ်းမှုန့် ထည့်မွှေ
ရေဆေးပြီး သန့်ထားတဲ့ ပုစွန်တွေ ထည့်မွှေပါတယ်
ပြီးမှ ရေနည်းနည်းထည့်ပြီးတည်
ရေဆူလာပြီဆိုရင် ဆား ၊ အချိုမှုန့် ထည့်ပြီး မဆလာ ခတ်ပါတယ်
မန်ကျည်းမှည့် အရည်ဖျော်ထားတာကို ဇွန်းလေးနဲ့ ချိန်ပြီးထည့်ပါတယ်
တစ်ခါတည်း အများကြီးထည့်ရင် ချဉ်သွားမှာ စိုးလို့ပါ
အရသာ မြည်းကြည့်ပြီး ကြိုက်ရင်တော့ စားလို့ရပါပြီ


















ဘလော့လေးကို သေမသွားစေချင်လို့ တစ်လတစ်ပုဒ်လောက်တော့ တင်နိုင်အောင် ကြိုးစားနေပါတယ်
January မှာ ပိုစ့်မတင်ဖြစ်တာ နှမျောလိုက်တာ

2 comments:

PAUK said...

လွတ်ငြိမ်းရေ..မတွေ့တာကြာ...။။
ပုဇွန်ကို မန်ကျည်းမှည့်ရည်နဲ့ မချက်ဖူးသေးဘူး။။
စားချင်စရာလေး..။။

အခုတလော အလုပ်နဲနဲ ရှုပ်နေလို့..။။

မိုင်:ခိုဝ်: said...

အားပါးပါး....
မြင်လိုက်တာနဲ့ စားချင်စိတ်က တားမရဘူး။ ထမင်းဆိုင်ဖွင့်ထားလားဟင်?
ဆိုင်နာမည်က ဘာတဲ့လဲ၊ မြန်မာပြည်မှာပဲလား၊ မန္တလေးလား၊ ရန်ကုန်မှာလား? :D

Post a Comment