Pages

Friday, September 24, 2010

အာလူးနှပ်

Potato in Egg

အာလူး ကြိုက်ရဲ့ လား မသိဘူး
ကြက်ဥရော ကြိုက်ရဲ့ လား မသိဘူး
(ကိုလေးဖြူ လိုမေးကြည့်တား))
နှစ်မျိုးလုံး ကြိုက်ရင်တော့ ဆက်ဖတ်နော်း)



ဒီဟင်းက မေမေချက်နေကျ ဟင်းတစ်မျိုးပါ ၊ လေပြေကတော့ သိပ်ကြိုက်ပေါ့း)

အာလူးကို အခွံနွှာ ရေဆေးပြီး ရေစိမ်ထားပါ (အာလူးအစေးတွေက လေသလပ်ရင် အာလူးကိုညိုသွားစေလို့ပါ)
အာလူးကို လက်သန်းတစ်ခြမ်းအရွယ်လောက်အထူ အဝိုင်းလေးတွေလှီး ၊ အဲဒီအဝိုင်းလေးတွေကို အစိပ်လေးတွေ ပြန်စိပ်ပါ
စိပ်ပြီးရင် ရေသေချာပြန်ဆေးပါ(ညိုသွားမှာ စိုးလို့ပါ)
ပြီးရင် အာလူးတွေကို ရေစစ်ထားပါ

ဒယ်အိုးထဲမှာ ဆီပူလာပြီဆိုရင် နနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ
ရေစစ်ထားတဲ့ အာလူးချောင်းလေးတွေ ထည့်ပြီး အသာမွှေပေးပါ
အာလူးလေးတွေ အရောင်ပြောင်းပြီး ကြည်ကြည်လေး ဖြစ်လာပါလိမ့်မယ်

ကြက်သားမှုန့် (ဒါမှမဟုတ် ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း) ထည့်ပြီး နှံ့အောင်မွှေပါ
အာလူးနူးအောင် ရေနည်းနည်းထည့်ပြီး အဖုံးအုပ်ထားပါ



အာလူးနူးပြီး ဆီပြန်ခါနီးအချိန်မှာ ကြက်ဥထည့်မွှေပါ
(ကြက်ဥက ခေါက်မထားလည်း ရပါတယ် ၊ လေပြေတော့ အာလူးအိုးထဲ ထည့်မွှေလိုက်တာပါပဲး))

ကြက်ဥဖတ်လေးတွေကျက်ပြီး ဆီပြန်လာပြီဆို စားလို့ရပါပြီ

Friday, September 17, 2010

ပဲစောင်းလျားသီးသုပ်း)

Winged Bean Salad (Myanmar Style ;)


မတွေ့တာ အတော်ကြာသွားပြန်ပြီနော်
post မတင်တာကြာလို့ ရှိတာလေး တင်လိုက်ပါတယ်း)
စားကြပါဦး



ပဲစောင်းလျားသီးကို အစိမ်းရောင်မပျောက်အောင် ပြုတ်၊ ရေစစ်ပြီး မထူမပါးလေး လှီးပါတယ်
ကြက်သွန်နီ ပါးပါးလှီး ရေစစ်ထားတာရယ် ၊ မြေပဲလှော် မညက်တညက် ထောင်းထားတာရယ်၊
မန်ကျည်းမှည့်အနှစ် ၊ ငရုတ်သီးလှော်မှုန့် ၊ ဆား ၊ အချိုမှုန့် နည်းနည်းစီရယ်
နနွင်းနဲ့ချက်ထားတဲ့ ဆီချက်မွှေးမွှေးလေးရယ်နဲ့ အသာရောပြီး နယ်လိုက်ရင် ရပါပြီ
အသုပ်လို့ ပြောတာထက် သနပ်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်
း)

Sunday, June 6, 2010

နန်းကြီးသုပ် :)

Myanmar noodle salad (different styles)

မတွေ့တာ အတော်ကြာသွားပြန်ပြီနော်
နန်းကြီးသုပ် စားကြပါဦး

ဒီအောက်မှာ ခေါက်ဆွဲရှိတယ်း)

ငယ်ငယ်တုန်းက အဒေါ်အိမ်မှာ အလှူလုပ်ရင် ကျွေးတဲ့ချက်နည်းမျိုး စားချင်တာ ၊ သူတို့က အုန်းနို့ထည့်တယ်လေ

အခုတော့ ကြက်သားချက်တဲ့အထဲမှာ နို့မှုန့်ကိုဖျော်ပြီး နည်းနည်း ထည့်ချက်ထားတား) ကောင်းပါတယ်း)

လက်အိပ်စွပ်ပြီး နယ်ထားတာပါး)


ဓါတ်ပုံ မရိုက်တာကြာလို့လားမသိဘူး ၊ ရိုက်ရတာ ခက်သလိုပဲ
မေလတုန်းက niceflavour (ဒီဘလော့) ရဲ့ တစ်နှစ်ပြည့်ပါ
ပိုစ့်တင်ချင်ပေမယ့် ဘာမှမလုပ်ဖြစ်ခဲ့ဘူး

Sunday, March 7, 2010

dumpling :P

မတွေ့တာ ကြာသွားပြန်ပြီနော်
ဘလော့လောက.. ကမိတ်ဆွေများကို သတိရနေပါတယ်း)
ဖက်ထုပ် စားကြပါဦး ။ ကြက်သားနဲ့လုပ်ထားတာပါ ။

ကြက်ကြိတ်သားကို ပဲငန်ပြာရည်အကြည် ၊ နှမ်းဆီမွှေး ၊ ဆား ၊ အချိုမှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သွန်မြိတ်ပါးပါးလှီး နည်းနည်းစီနဲ့ နယ်ပါတယ်
ဖက်ထုပ်ဖတ်လေးတွေထဲ အဲဒီအဆာထည့်၊ ရေနည်းနည်းနဲ့ ဖက်ကိုသုတ်ပြီး ပိတ် ၊ ကိုယ်ကြိုက်တဲ့ပုံလေး ခေါက်လိုက်ပြီးတော့ ဆီများများနဲ့ ကြော်လည်း ရပါတယ် ၊ ပေါင်းလို့လည်း ရတယ် ၊ ရေနည်းနည်းနဲ့ ပြုတ်လည်း ရပါတယ်း)

များများကြည့်ရအောင် ပုံများများတင်လိုက်ပါတယ်

တစ်ခုတည်းကို အနီးကပ်ရိုက်ထားတဲ့ပုံ ၊ အကြီးချဲ့ ကြည့်ပါလား ၊ ချစ်စရာလေး

ဒါက ပေါင်းထားတာပါ

Tuesday, February 2, 2010

ပုစွန် ဂဏန်းဟင်း

Spicy Prawn

မင်္ဂလာပါ ၊ မတွေ့တာကြာပြီနော်း)
ဒီဟင်းလေးက မဆလာများများအုပ်ပြီး အရည်ဆမ်းစားရတဲ့ ဟင်းမျိုးပေါ့



















ပုစွန်ကို ရေဆေး ၊ ခေါင်းတစ်ဝက်လောက်ကို ကတ်ကြေးနဲ့ညှပ် ၊ ခြေလက်လေးတွေနဲ့ အမြီး ဖြုတ်
ချေးအိပ်၊ ချေးကြောင်းထုတ်ထားပါတယ်

ကြက်သွန်ဖြူ ၊ကြက်သွန်နီ ခပ်ကြမ်းကြမ်းစင်းပြီး ဆီသတ် ၊ နွမ်းလာရင်
နနွင်း နဲ့ ငရုတ်သီး အစိမ်းမှုန့် ထည့်မွှေ
ရေဆေးပြီး သန့်ထားတဲ့ ပုစွန်တွေ ထည့်မွှေပါတယ်
ပြီးမှ ရေနည်းနည်းထည့်ပြီးတည်
ရေဆူလာပြီဆိုရင် ဆား ၊ အချိုမှုန့် ထည့်ပြီး မဆလာ ခတ်ပါတယ်
မန်ကျည်းမှည့် အရည်ဖျော်ထားတာကို ဇွန်းလေးနဲ့ ချိန်ပြီးထည့်ပါတယ်
တစ်ခါတည်း အများကြီးထည့်ရင် ချဉ်သွားမှာ စိုးလို့ပါ
အရသာ မြည်းကြည့်ပြီး ကြိုက်ရင်တော့ စားလို့ရပါပြီ


















ဘလော့လေးကို သေမသွားစေချင်လို့ တစ်လတစ်ပုဒ်လောက်တော့ တင်နိုင်အောင် ကြိုးစားနေပါတယ်
January မှာ ပိုစ့်မတင်ဖြစ်တာ နှမျောလိုက်တာ

Saturday, December 12, 2009

မျှစ်ကြော်ချဉ်စပ်း)

Fried Bamboo Shoots (Sour & Spicy)

မျှစ်ကို ချဉ်ချဉ် စပ်စပ် မွှေးမွှေးလေး ကြော်ထားတာပါ ၊ စားလို့ကောင်းတယ်း)

မျှစ်ကို ပြုတ် ၊ ရေစစ်ပြီး ဆား၊ အချိုမှုန့်နဲ့နယ်ပါတယ်
ကြက်သွန်ဖြူ ပါးပါးလှီးကို နည်းနည်းညိုတဲ့အထိ ဆီသတ်
လှီးထားတဲ့ ငြုပ်သီးစိမ်းထည့်မွှေ
ပြီးတော့ အရသာနယ်ထားတဲ့ မျှစ်ကိုထည့်မွှေပါတယ်
မျှစ်လေးတွေ နည်းနည်း ခြောက်လာရင် ရပါပြီ

စားတော့မယ်ဆိုမှ သံပုရာသီးလေး တစ်ခြမ်းလောက် ညှစ်လိုက်ပါ
သံပုရာခွံပါးပါးလှီးထားတာ နည်းနည်းဖြူးပြီး အလှပြင်လို့လည်း ရပါတယ်

အသားထည့်ကြော်ချင်ရင် ကြက်သွန်ဖြူဆီသတ်ပြီးတဲ့ အချိန်မှာ ထည့် ၊ ရေနည်းနည်းနဲ့ ကျက်အောင် အရင်လုပ်လိုက်ပါ
အသားကျက်ပြီး ဆီပြန်လာမှ ကျန်တဲ့ ငြုပ်သီးစိမ်းတို့ ၊ မျှစ်တို့ ထည့်တာပေါ့
စားကြပါဦးး)

Sunday, November 1, 2009

ငါးပေါင်း

My Steamed Fish :)





လာလည်တဲ့သူတွေနဲ့ မတွေ့ရတာ ကြာပြီနော်
စားကြပါဦး
း)

ငါး အကောင်လိုက်ကို ပါးဟက်ထုတ် ၊ အကြေးထိုး ၊ ဆူးတောင် ဖြုတ်၊ ဗိုက်ခွဲပြီး ကလီစာထုတ်ထားပါတယ်
ရေ သေချာဆေးပြီး ချင်းအမျှင်လေးတွေ ၊ ကြက်သွန်ဖြူ လှီးထားတာတွေ ၊ ဆား ၊ ရှာလကာရည်နည်းနည်း ၊ ပဲငန်ပြာရည် အကြည် ၊ အချိုမှုန့်နည်းနည်း နဲ့ နယ် ၊ ပေါင်းမယ့် ပန်းကန်ပြားထဲ ထည့်ပါတယ်
စောက်နက်တဲ့ ဒယ်အိုးပြားနဲ့ ရေဆူအောင်တည် ၊ ရေဆူလာရင် ငါးပန်းကန်ကို ဒယ်အိုးထဲထည့် ၊ အဖုံးအုပ်ပြီး ၁၅ မိနစ်လောက် ပေါင်းပါတယ်
ဒယ်အိုးထဲက ထုတ်ပြီး ပူပူနွေးနွေး ရှိတုန်းမှာ သံပုရာရည် နည်းနည်းညှစ် ၊
ဖြတ်ထားတဲ့ နံနံပင် ၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း ၊ မညက်တညက် ထောင်းထားတဲ့ မြေပဲလှော် ၊ သံပုရာသီးကွင်းလေးတွေ နဲ့ အလှပြင်ပြီး စားလို့ရပါပြီ
ဘယ်လိုချက်လဲ မေးထားတာ ရေးဖို့ နောက်ကျသွားလို့ စိတ်မရှိကြပါနဲ့နော်

ဒီမှာလည်း ငါးပေါင်းနည်းတွေး)
(let me show your links, thank you :))
1. http://mgwaiyan.blogspot.com/2009/01/blog-post.html
2. http://smokenspice.blogspot.com/2007/10/blog-post_27.html
3. http://moemoestar.blogspot.com/2009/08/blog-post_09.html
4. http://rasamalaysia.com/steamed-fish-recipe/