Pages

Tuesday, September 15, 2009

My Spaghetti :)


spaghetti sauce ပုလင်းကိုဝယ်ပြီး လုပ်တာပါ ၊ သူက ပုလင်းပတ်စက္ကူအတွင်းမှာ ချက်နည်း ပါပါတယ်
ကြက်သွန်နီစင်းပြီး ဆီသတ်၊ sauce အနှစ်နဲ့ ကြက်ကြိတ်သား ထည့်မွှေ ၊ ရေနည်းနည်းထည့်ပါတယ် ။
အသားကျက်ပြီး sauce ပြစ်လာပြီဆို သကြားနည်းနည်း ၊ ဆားနည်းနည်း ထည့်မွှေလိုက်ပါတယ်၊
ခေါက်ဆွဲဖတ်ကို ဆီနည်းနည်းထည့်ပြုတ် ၊ ရရင် ပန်းကန်တစ်ချပ်ထဲမှာ ခေါက်ဆွဲထည့် ၊ sauce အပေါ်ကတင် ၊
နံနံပင်လို ၊ ပူစီနံလို ရွက်စိမ်းလေး တင်လိုက်ရင် ရပါပြီး)
စားကြပါဦး
cheese တော့ မပါပါဘူး

အလင်းရောင်က ညာဘက်မှာ တော်တော်များလို့ ပုံ ဝါးနေပါတယ်း)

5 comments:

Anonymous said...

Spaghetti စားသွားပြီနော်။ အသားမပါဘူးလား :P

လွတ်ငြိမ်းလေပြေ (breeze) said...

ပါတယ် စုဘူး ၊ ကြက်ကြိတ်သား ၊ မမြင်ရဘူးနော် :D

Sandakuu said...

အရမ်းလှတယ်...
စားတောင်မစားရက်ဘူး..း)

PAUK said...

အိမ်မှာလဲ လုပ်စားမယ်ဆိုပြီး ၀ယ်ထားတယ်..
မလုပ်ဖြစ်သေးဘူး..
လွတ်ငြိမ်း ချက်တာ အရင်လာစားသွားတယ်..

ဆောင်း said...

ဒီမှာတော့ oregano အခြောက်မှုန့် လေး ထဲ့ချက်ကြတယ် ပိုမွှေးတယ်

Post a Comment