Pages

Sunday, November 1, 2009

ငါးပေါင်း

My Steamed Fish :)





လာလည်တဲ့သူတွေနဲ့ မတွေ့ရတာ ကြာပြီနော်
စားကြပါဦး
း)

ငါး အကောင်လိုက်ကို ပါးဟက်ထုတ် ၊ အကြေးထိုး ၊ ဆူးတောင် ဖြုတ်၊ ဗိုက်ခွဲပြီး ကလီစာထုတ်ထားပါတယ်
ရေ သေချာဆေးပြီး ချင်းအမျှင်လေးတွေ ၊ ကြက်သွန်ဖြူ လှီးထားတာတွေ ၊ ဆား ၊ ရှာလကာရည်နည်းနည်း ၊ ပဲငန်ပြာရည် အကြည် ၊ အချိုမှုန့်နည်းနည်း နဲ့ နယ် ၊ ပေါင်းမယ့် ပန်းကန်ပြားထဲ ထည့်ပါတယ်
စောက်နက်တဲ့ ဒယ်အိုးပြားနဲ့ ရေဆူအောင်တည် ၊ ရေဆူလာရင် ငါးပန်းကန်ကို ဒယ်အိုးထဲထည့် ၊ အဖုံးအုပ်ပြီး ၁၅ မိနစ်လောက် ပေါင်းပါတယ်
ဒယ်အိုးထဲက ထုတ်ပြီး ပူပူနွေးနွေး ရှိတုန်းမှာ သံပုရာရည် နည်းနည်းညှစ် ၊
ဖြတ်ထားတဲ့ နံနံပင် ၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း ၊ မညက်တညက် ထောင်းထားတဲ့ မြေပဲလှော် ၊ သံပုရာသီးကွင်းလေးတွေ နဲ့ အလှပြင်ပြီး စားလို့ရပါပြီ
ဘယ်လိုချက်လဲ မေးထားတာ ရေးဖို့ နောက်ကျသွားလို့ စိတ်မရှိကြပါနဲ့နော်

ဒီမှာလည်း ငါးပေါင်းနည်းတွေး)
(let me show your links, thank you :))
1. http://mgwaiyan.blogspot.com/2009/01/blog-post.html
2. http://smokenspice.blogspot.com/2007/10/blog-post_27.html
3. http://moemoestar.blogspot.com/2009/08/blog-post_09.html
4. http://rasamalaysia.com/steamed-fish-recipe/

7 comments:

PAUK said...

ယိုးဒယားငါးသ့ပုရာပေါင်းလား
စားကောင်းမယ့်ပုံပဲ..
ကြိုက်တယ်..။။

စန္ဒကူး said...

စားတယ်..စားတယ်..အကုန်ကိုစားတယ်..
အရမ်းလှတာဘဲ... ပုံလေးရော..ငါးသံပုရာချက်တာလား..
မန္တလေးမှာတစ်ခါစားဖူးတယ်.. မချက်တတ်လို့ မစားရတော့ဘူး..
ပုံလေးတွေ့တာနဲ့ကို စားချင်စိတ်တွေဖြစ် that's it.. :)

သိင်္ဂါကျော် said...

စားချင်စရာလေး.. သွားရေကျလိုက်တာ..

Shinlay said...

ချက်စားအုံးမယ်။

ThuHninSee said...

ဘယ်လိုပေါင်းတာလဲညီမ။
နည်းပေးပါအုံး။

AMK said...

ပေါင်းနည်းပြောပါအုံးအစ်မရေ အိမ်ကမိန်းမကိုလုပ်ကျွေး၇အောင်

ThuHninSee said...

ကျေးဇူးပဲ။ တကယ်ပဲ စားချင်စရာလေးကွဲ့။

Post a Comment