Pages

Saturday, December 12, 2009

မျှစ်ကြော်ချဉ်စပ်း)

Fried Bamboo Shoots (Sour & Spicy)

မျှစ်ကို ချဉ်ချဉ် စပ်စပ် မွှေးမွှေးလေး ကြော်ထားတာပါ ၊ စားလို့ကောင်းတယ်း)

မျှစ်ကို ပြုတ် ၊ ရေစစ်ပြီး ဆား၊ အချိုမှုန့်နဲ့နယ်ပါတယ်
ကြက်သွန်ဖြူ ပါးပါးလှီးကို နည်းနည်းညိုတဲ့အထိ ဆီသတ်
လှီးထားတဲ့ ငြုပ်သီးစိမ်းထည့်မွှေ
ပြီးတော့ အရသာနယ်ထားတဲ့ မျှစ်ကိုထည့်မွှေပါတယ်
မျှစ်လေးတွေ နည်းနည်း ခြောက်လာရင် ရပါပြီ

စားတော့မယ်ဆိုမှ သံပုရာသီးလေး တစ်ခြမ်းလောက် ညှစ်လိုက်ပါ
သံပုရာခွံပါးပါးလှီးထားတာ နည်းနည်းဖြူးပြီး အလှပြင်လို့လည်း ရပါတယ်

အသားထည့်ကြော်ချင်ရင် ကြက်သွန်ဖြူဆီသတ်ပြီးတဲ့ အချိန်မှာ ထည့် ၊ ရေနည်းနည်းနဲ့ ကျက်အောင် အရင်လုပ်လိုက်ပါ
အသားကျက်ပြီး ဆီပြန်လာမှ ကျန်တဲ့ ငြုပ်သီးစိမ်းတို့ ၊ မျှစ်တို့ ထည့်တာပေါ့
စားကြပါဦးး)

Sunday, November 1, 2009

ငါးပေါင်း

My Steamed Fish :)





လာလည်တဲ့သူတွေနဲ့ မတွေ့ရတာ ကြာပြီနော်
စားကြပါဦး
း)

ငါး အကောင်လိုက်ကို ပါးဟက်ထုတ် ၊ အကြေးထိုး ၊ ဆူးတောင် ဖြုတ်၊ ဗိုက်ခွဲပြီး ကလီစာထုတ်ထားပါတယ်
ရေ သေချာဆေးပြီး ချင်းအမျှင်လေးတွေ ၊ ကြက်သွန်ဖြူ လှီးထားတာတွေ ၊ ဆား ၊ ရှာလကာရည်နည်းနည်း ၊ ပဲငန်ပြာရည် အကြည် ၊ အချိုမှုန့်နည်းနည်း နဲ့ နယ် ၊ ပေါင်းမယ့် ပန်းကန်ပြားထဲ ထည့်ပါတယ်
စောက်နက်တဲ့ ဒယ်အိုးပြားနဲ့ ရေဆူအောင်တည် ၊ ရေဆူလာရင် ငါးပန်းကန်ကို ဒယ်အိုးထဲထည့် ၊ အဖုံးအုပ်ပြီး ၁၅ မိနစ်လောက် ပေါင်းပါတယ်
ဒယ်အိုးထဲက ထုတ်ပြီး ပူပူနွေးနွေး ရှိတုန်းမှာ သံပုရာရည် နည်းနည်းညှစ် ၊
ဖြတ်ထားတဲ့ နံနံပင် ၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း ၊ မညက်တညက် ထောင်းထားတဲ့ မြေပဲလှော် ၊ သံပုရာသီးကွင်းလေးတွေ နဲ့ အလှပြင်ပြီး စားလို့ရပါပြီ
ဘယ်လိုချက်လဲ မေးထားတာ ရေးဖို့ နောက်ကျသွားလို့ စိတ်မရှိကြပါနဲ့နော်

ဒီမှာလည်း ငါးပေါင်းနည်းတွေး)
(let me show your links, thank you :))
1. http://mgwaiyan.blogspot.com/2009/01/blog-post.html
2. http://smokenspice.blogspot.com/2007/10/blog-post_27.html
3. http://moemoestar.blogspot.com/2009/08/blog-post_09.html
4. http://rasamalaysia.com/steamed-fish-recipe/

Tuesday, October 6, 2009

ကြက်သားနဲ့ ကြက်ဥး)

Chicken n Eggs :D


ကြက်သားကို သေးသေးတုံးပြီး ခရမ်းချဉ်သီးနဲ့ ချက်ထားတာပါ ၊ အပေါ်က ကြက်ဥပြုတ်လေးနဲ့

မူရင်း ဟင်းချက်နည်းမှာ ဆလပ်ရွက်လေးတွေ ခင်းထားပါတယ် ၊ ပြီးတော့ ပဲငါးပိအစပ်လည်း ပါတယ်ထင်တယ်

ဟင်းချက်နည်း ပြန်ရှာတာ မတွေ့တော့ဘူးး(

Sunday, September 27, 2009

သခွားသီး သနပ်

Cucumber salad (different style)

ဒါက ပုစွန်ခြောက်နဲ့သုပ်တဲ့ အသုပ်မျိုး မဟုတ်ပါဘူး
သနပ်စုံ သုပ်သလို သခွားသီးကို ချဉ်အောင် ဆန်ရှာလကာရည်နဲ့နှပ်ပြီး
ငရုတ်လှော်မှုန့် ၊ နှမ်းလှော် ၊ ကြက်သွန်နီဆီချက် ၊ ဆား တို့နဲ့ နယ်ထားတာပါ

သနပ်မှာ နှမ်းလှော်၊ ဆီချက်နဲ့ အချဉ်တည်ထားတဲ့ အသီးအရွက်ကို အဓိကထားတယ်လို့ ထင်ပါတယ်

သခွားသီးကို ခြစ်ပြီး rice vinegar နဲ့ ခဏ နယ်ထားရင် အချဉ်ဝင်ပါတယ်
အခုသုံးထားတာ ဒီပုလင်းပါး)


(rice vinegar ပုလင်းပုံကို ဒီက ယူပါတယ်)

Thursday, September 24, 2009

My First Roasted Chicken :)


ပထမဆုံး စမ်းကြည့်တဲ့ ကြက်ကင်ပါ
တရုတ်ငန်ပြာရည်အနောက်နဲ့ အရောင်တင် ၊ ကြက်သားမှုန့်နဲ့ အရသာနယ်ထားပါတယ်
ကင်စက်နဲ့တော့ မဟုတ်ပါဘူး
ရိုးရိုး oven ထဲမှာ အပူချိန် medium နဲ့ ၄၅ မိနစ်လောက် ကင်ထားတာပါ

ကင်လိုက်တော့ အဆီတွေထွက်သွားတယ် ၊ အရေခွံလည်း ပါးပါးလေး ဖြစ်သွားတယ်
အဆီပိုတွေ မစားဖြစ်တော့ဘူးပေါ့
စားပါဦးး)

Monday, September 21, 2009

Taiwanese Glutinous Rice :)





ကောက်ညင်းဆန်နဲ့ မှိုကို ညကတည်းကရေစိမ်ထားပါတယ်
မနက်ကျတော့ ဆန်နဲ့မှိုကို ရေစစ် ၊ မှိုကို ရိုးတံလေးတွေဖယ်ပြီးထည့်ပါတယ်
မြေပဲပြုတ် ၊ ဝက်သားချက်ပြီးသား ၊ ဆီနည်းနည်း ၊ ခရုဆီ ၊ တရုတ်ငံပြာရည် အကြည် ၊ အနောက် ၊ ဆား ၊ သကြား ၊ (ငရုတ်ကောင်းကြိုက်တတ်ရင် ငရုတ်ကောင်းမှုန့်နည်းနည်း)ထည့်ပြီး ရောမွှေပါတယ်

ဆန်က ရေစိမ်ထားတာဖြစ်လို့ ရိုးရိုးချက်နေကျထက် ရေထက်ဝက်လျှော့ထည့်ပါတယ်
ပြီးတော့ ထမင်းပေါင်းအိုးနဲ့ ပေါင်း ၊ ခလုပ်တက်ရင် ကောက်ညင်းမကြေအောင် အသာမွှေ၊ ခလုပ်ပြန်နှိပ်ပြီး ပြန်ချက်ပါတယ်
နောက်တစ်ခေါက် ခလုပ်တက်ရင်တော့ ကောင်းကောင်းနပ်ပါပြီ

ဖက်အလွယ်တကူ မရတာမို့ မထုပ်တော့ပဲ ပေါင်းပဲပေါင်းလိုက်ပါတယ်
ဓါတ်ပုံမှာမြင်ရတာက ပလတ်စတစ်အိပ်ထဲထည့်ပြီး ပုံသွင်းထားတာပါး)

ဒါက အလွယ်နည်းပေါ့ ၊ တကယ်သေချာလုပ်ချင်ရင် ဒီထက်ပြည့်စုံတဲ့ နည်းတွေ ရှိပါတယ်
အောက်မှာလည်း တစ်ခုညွှန်ထားတယ်နော်း)

recipe credit : http://littleguykitchen.blogspot.com/2006/12/taiwanese-glutinous-rice-dumplings.html

Tuesday, September 15, 2009

My Spaghetti :)


spaghetti sauce ပုလင်းကိုဝယ်ပြီး လုပ်တာပါ ၊ သူက ပုလင်းပတ်စက္ကူအတွင်းမှာ ချက်နည်း ပါပါတယ်
ကြက်သွန်နီစင်းပြီး ဆီသတ်၊ sauce အနှစ်နဲ့ ကြက်ကြိတ်သား ထည့်မွှေ ၊ ရေနည်းနည်းထည့်ပါတယ် ။
အသားကျက်ပြီး sauce ပြစ်လာပြီဆို သကြားနည်းနည်း ၊ ဆားနည်းနည်း ထည့်မွှေလိုက်ပါတယ်၊
ခေါက်ဆွဲဖတ်ကို ဆီနည်းနည်းထည့်ပြုတ် ၊ ရရင် ပန်းကန်တစ်ချပ်ထဲမှာ ခေါက်ဆွဲထည့် ၊ sauce အပေါ်ကတင် ၊
နံနံပင်လို ၊ ပူစီနံလို ရွက်စိမ်းလေး တင်လိုက်ရင် ရပါပြီး)
စားကြပါဦး
cheese တော့ မပါပါဘူး

အလင်းရောင်က ညာဘက်မှာ တော်တော်များလို့ ပုံ ဝါးနေပါတယ်း)