Pages

Monday, September 21, 2009

Taiwanese Glutinous Rice :)





ကောက်ညင်းဆန်နဲ့ မှိုကို ညကတည်းကရေစိမ်ထားပါတယ်
မနက်ကျတော့ ဆန်နဲ့မှိုကို ရေစစ် ၊ မှိုကို ရိုးတံလေးတွေဖယ်ပြီးထည့်ပါတယ်
မြေပဲပြုတ် ၊ ဝက်သားချက်ပြီးသား ၊ ဆီနည်းနည်း ၊ ခရုဆီ ၊ တရုတ်ငံပြာရည် အကြည် ၊ အနောက် ၊ ဆား ၊ သကြား ၊ (ငရုတ်ကောင်းကြိုက်တတ်ရင် ငရုတ်ကောင်းမှုန့်နည်းနည်း)ထည့်ပြီး ရောမွှေပါတယ်

ဆန်က ရေစိမ်ထားတာဖြစ်လို့ ရိုးရိုးချက်နေကျထက် ရေထက်ဝက်လျှော့ထည့်ပါတယ်
ပြီးတော့ ထမင်းပေါင်းအိုးနဲ့ ပေါင်း ၊ ခလုပ်တက်ရင် ကောက်ညင်းမကြေအောင် အသာမွှေ၊ ခလုပ်ပြန်နှိပ်ပြီး ပြန်ချက်ပါတယ်
နောက်တစ်ခေါက် ခလုပ်တက်ရင်တော့ ကောင်းကောင်းနပ်ပါပြီ

ဖက်အလွယ်တကူ မရတာမို့ မထုပ်တော့ပဲ ပေါင်းပဲပေါင်းလိုက်ပါတယ်
ဓါတ်ပုံမှာမြင်ရတာက ပလတ်စတစ်အိပ်ထဲထည့်ပြီး ပုံသွင်းထားတာပါး)

ဒါက အလွယ်နည်းပေါ့ ၊ တကယ်သေချာလုပ်ချင်ရင် ဒီထက်ပြည့်စုံတဲ့ နည်းတွေ ရှိပါတယ်
အောက်မှာလည်း တစ်ခုညွှန်ထားတယ်နော်း)

recipe credit : http://littleguykitchen.blogspot.com/2006/12/taiwanese-glutinous-rice-dumplings.html

9 comments:

NSA said...
This comment has been removed by the author.
sskyAw said...

စားချင်လိုက်တာ .. ဟီးဟိ

khin oo may said...

21 Sep 09, 07:02 PM
sdl: http://niceflavour.blogspot.com/2009/09/taiwanese-glutinous-rice.html ဝက်သားကောက်ညှင်းထုပ်တွေ ရှလွတ်

khin oo may said...

လုပ်တာလား ဝယ်စားတယ်ထင်လို့။ မှားသွားတယ။်

စူးနွယ်လေး said...

မွေးနေ့လာတယ်နော်
ကောက်ညှင်းထုပ်စားသွားတယ်

လွတ်ငြိမ်းလေပြေ (breeze) said...

စုစု ၊ အစ်မစူးနွယ်
ကျေးဇူးနော်း)

လွတ်ငြိမ်းလေပြေ (breeze) said...

အစ်မကွမ်း
လုပ်စားတာပါ
း)
အစ်မ SDL ရော ၊ NSA ရော ကျေးဇူးပါ
း)

Zytee said...

ဝက်သားဟင်းကို ဘယ်လိုချက်လဲဆိုတာ ပြောပြပါလား။ လုပ်စားချင်လို့

လွတ်ငြိမ်းလေပြေ (breeze) said...

ဝက္သားက ရိုးရိုးပါပဲ ။ ပဲငန်ပြာရည်အနောက် ၊ သကြား ၊ ဆား ၊ ရှာလကာရည်နည်းနည်းနဲ့ ချက်ထားတာပါ ။ လာလည်တာ ကျေးဇူးပါး)

Post a Comment