Pages

Saturday, December 12, 2009

မျှစ်ကြော်ချဉ်စပ်း)

Fried Bamboo Shoots (Sour & Spicy)

မျှစ်ကို ချဉ်ချဉ် စပ်စပ် မွှေးမွှေးလေး ကြော်ထားတာပါ ၊ စားလို့ကောင်းတယ်း)

မျှစ်ကို ပြုတ် ၊ ရေစစ်ပြီး ဆား၊ အချိုမှုန့်နဲ့နယ်ပါတယ်
ကြက်သွန်ဖြူ ပါးပါးလှီးကို နည်းနည်းညိုတဲ့အထိ ဆီသတ်
လှီးထားတဲ့ ငြုပ်သီးစိမ်းထည့်မွှေ
ပြီးတော့ အရသာနယ်ထားတဲ့ မျှစ်ကိုထည့်မွှေပါတယ်
မျှစ်လေးတွေ နည်းနည်း ခြောက်လာရင် ရပါပြီ

စားတော့မယ်ဆိုမှ သံပုရာသီးလေး တစ်ခြမ်းလောက် ညှစ်လိုက်ပါ
သံပုရာခွံပါးပါးလှီးထားတာ နည်းနည်းဖြူးပြီး အလှပြင်လို့လည်း ရပါတယ်

အသားထည့်ကြော်ချင်ရင် ကြက်သွန်ဖြူဆီသတ်ပြီးတဲ့ အချိန်မှာ ထည့် ၊ ရေနည်းနည်းနဲ့ ကျက်အောင် အရင်လုပ်လိုက်ပါ
အသားကျက်ပြီး ဆီပြန်လာမှ ကျန်တဲ့ ငြုပ်သီးစိမ်းတို့ ၊ မျှစ်တို့ ထည့်တာပေါ့
စားကြပါဦးး)

10 comments:

သိင်္ဂါကျော် said...

ဒီနေ့ ဈေးမသွားရလို့ စားစရာမရှိ ဖြစ်နေတာ.. စားချင်လိုက်တာ... :)

sskyAw said...

စားချင်လိုက်တာ ... :-)

Evy said...

Hi Thanks for sharing! I m going to try it out soon.

Shinlay said...

မျှစ်ဝယ်ထားတာရှိတယ်။ အကြံရသွားပြီ။ ကျေးဇူးတင်ပါတယ်။

PAUK said...

မျှစ်ဆို အသေရရ..အရှင်ရရ ကြိုက်တယ်..။။
မချက်တတ်ဘူး။။
ဒီက ချက်နည်းလေးတွေမေးပြီး ပြောပြအုန်းမယ်..။။
(ကြာမယ်နော်...ဟီး)

ထောပတ်သီး said...

အမှန်တော့ထောကမျှစ်မကြိုက်ဘူး ဒါပေမယ့် မမကြော်ထားတာကြည့်ပြီး စားကြည့်ချင်တယ် တကယ်စားကြည့်ချင်တယ် တွေ့ရင်ချက်ကြော်ကျွေးနော် :)

လင်းဒီပ said...

မျှစ်ကြော်တွေ့တော့ ငယ်ငယ်က စားဖူးတဲ့ မျှစ်ရခိုင်ချက် ဆီနည်းနည်း စိမ်းစားငပိ ငရုတ်သီးစပ်စပ် နဲ့ စားဖူးတာတွေ မှတ်မိသည် ။ အခုတော့ မစားဖြစ်တော့ ။ ဒီမျှစ်ကြော်ကတော့ ကာလာစုံသည် ။

လွတ်ငြိမ်းလေပြေ (breeze) said...

သိင်္ဂါ၊ စုစု၊ ထောထော၊ စားကြပါး)
အစ်မ evy ၊ အစ်မရှင်လေးတို့ရော ချက်ဖြစ်ကြလား မသိဘူး
အစ်မပေါက် ကြာမယ်နော် ဆိုတဲ့အတိုင်းပဲ ဟဲဟဲ
ကိုဒီပ မျှစ်ရခိုင်ချက် ချက်ပြ :P

စူးနွယ်လေး said...

မျှစ်လာစားတယ်...ကောင်းမှကောင်း..
မျှစ်ချဉ်အမျှင်သေးသေးလေးတွေကို ကြော်စားလည်းကောင်းတယ်...ချဉ်ပြီးသားဆိုတော့အစပ်ကြိုက်ရင်အစပ်လေးထည့်လိုက်ရုံပဲ

Unknown said...

အိမ်မှာအခုမျှစ်အဆင်သင့်ရှိတယ်၊လုပ်စားကြည့်အုန်းမယ်၊

Post a Comment