Friday, November 26, 2010

မြင်းခွာရွက်သုပ်

Pennywort salad :)

မြင်းခွာရွက်ကို မေမေသုပ်တဲ့ပုံစံ သုပ်ထားတား)
အရွက်တွေကို ရေစင်အောင်ဆေးပြီး နုပ်နုပ်လေး လှီးရတယ်
ဝါးလို့လည်း ပိုအဆင်ပြေပြီး ပိုမွှေးသလိုပဲ

မြင်းခွာရွက်လှီးပြီးရင် ကြက်သွန်နီ ပါးပါးလှီး ရေဆေးထားတာရယ် ၊ ပုစွန်ခြောက် မညက်တညက် ထောင်းထားတာရယ် ၊
ဆား ၊ အချိုမှုန့် နည်းနည်း ၊ သံပုရာရည်နည်းနည်း ၊ ဆီချက်ဆီနဲ့ ရောပြီး ခပ်ဖွဖွလေး နယ်ပါတယ်
ခုနကမှ ကြော်ထားတဲ့ ကြက်သွန်နီကြော်လေး ဖြူးလိုက်ရင် သိပ်မွှေးတာပဲ ၊ အချိုသုပ်လေး :P

ဒီပိုစ့်ကို ဒီဇင်ဘာအတွက် စုထားရင် ကောင်းမလား စဉ်းစားနေသေးတား)
စားကြပါဦး

8 comments:

  1. မြင်းခွါရွက် သုပ်လေးလာစားပါ၏
    ပုံလေးတွေက လှ၏ :)

    ReplyDelete
  2. ကျမ လင့်ခ်ထားတာ အသစ်မတက်ဘူး
    ဘာလို့လဲ မသိဘူးနော်

    ReplyDelete
  3. ကြို့်က်တယ်။

    ReplyDelete
  4. ပုံလေးတွေကို သဘောကျတယ်။ တော်တော်ကောင်းတယ်နော်။ အသုပ်လေးလည်းကောင်းတယ်

    ReplyDelete
  5. မြင်းခွာရွက်သုပ် လာစားရင်း လင့်လေးပါ မသွားတယ်နော်.. :)

    ReplyDelete
  6. လာလည်ပါတယ်ရှင့်။ မြင်းခွာရွက်သုပ် ကြိုက်တယ်။ စားသွားပြီ။ ရို့စ်က ဘလော့ဂ်ဂါ အသစ်လေးပါ။ လာလည်ပါဦးနော်။ http://redroseofburma.blogspot.com/

    ReplyDelete
  7. ဒီနေ့ မြင်းခွာရွက် ဝယ်လာတာ။ မစားတာကြာတော့ သုပ်နည်းမေ့နေတာနဲ့ အင်တာနက်မှာရှာရင်း ဒီဘလော့ ရောက်လာတာ.. အမနည်းအတိုင်း သုပ်လိုက်တာ စားကောင်းတယ် :)

    ReplyDelete