Pages

Saturday, July 25, 2009

မုန်လာဥပိုးတီသုပ်

Sour and spicy radish salad

မုန်လာဥကို ရေဆေး၊ အခွံခွာ ၊ ပိုးတီလှီးပါတယ်
ဆား ဇွန်းကြီးနှစ်ဇွန်းနဲ့ နာနာနယ် ၊ အစပ်အခါးရည်တွေထွက်အောင် ညှစ်ပစ်ရပါတယ်
ပိုးတီလှီးထားတာ ပြတ်မသွားအောင်တော့ ဂရုစိုက်ပါ

ပြီးရင် ရေစင်အောင်ဆေး ၊ အချဉ်ရည် (ရှာလကာရည် ၊ ရှောက်ရည် ၊ သံပုရာရည်)တစ်ခုခုနဲ့ နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားပါ
နှပ်ပြီးရင် ဆားတွေ ၊ အချဉ်တွေ စင်သွားအောင် ရေပြန်ဆေး ၊ ရေစင်အောင် ပြန်ညှစ်ပါ
ပိုးတီအစွန်းနားလေးကို နည်းနည်းဖဲ့ပြီး မြည်းကြည့်ပါ ၊
အစပ်အခါး အရသာ မကျန်တော့ရင် သုပ်လို့ ရပါပြီ

ဆားနဲ့ အချဉ် အရသာ နည်းနည်းကျန်တာမို့လို့ အချဉ်၊ အငန်ကို လိုသလောက်ပဲ ထပ်ထည့်ပါ
ငရုတ်သီးစိမ်း ပါးပါးလှီး ၊ အချိုမှုန့်နည်းနည်းထည့် ၊ နှမ်းလှော်နည်းနည်း ၊ ကြက်သွန်ဖြူဆီချက် ဖြူးပြီး နှံ့အောင်နယ်ပေးရင် ရပါပြီ
အစာကြေတဲ့ မုန်လာဥဖြူပါး)

*******************************************************************************************
+ Rinse and peel radish
+ Slice it to small pieces
+ Mix with salt and leave for about 15 minutes
+ Squeeze and rinse the radish slices.
+ Soak in vinegar for about 15 minutes.
+ Rinse and squeeze again
+ Mix with shredded chili , MSG , sesame and fried garlic.
+ Enjoy :)

6 comments:

sskyAw said...

အရမ်းကြိုက်တယ် ဒါပေမဲ့ အဲလို မပြတ်အောင်တော့ မလှီးတတ်ဘူး .. ဟီးဟိ

PAUK said...

ထမင်းဖြူလေးနဲ့
ချက်ဟင်း လေးနဲ့
ဒီအသုတ်လေးနဲ့...ကောင်းမှ ကောင်း

Anonymous said...

အဲလိုမလှီးတည့်ဘူး မမလေပြေ ဘယ်လိုလှီးရတာလဲပြောပြပေးပါ စားချင်တယ်

လွတ်ငြိမ်းလေပြေ (breeze) said...

ထောထောရေ
မုန်လာဥကို ခပ်စောင်းစောင်း စွေစွေလေး ဖြစ်အောင် လှီးပါတယ်
အချပ်လိုက်လှီးသလို စဉ်းတီတုံးနဲ့ဓား ထိတဲ့အထိ မလှီးဘဲ မုန်လာဥရဲ့ တစ်ဝက်လောက် ဓားစိုက်လှီးမိပြီဆိုရင် ရပါပြီ
ဓားလှီးရာလေးတွေ အစောင်းညီပါစေ
မုန်လာဥ အရင်းကအဖျားအထိ လှီးပြီးရင် မလှီးရသေးတဲ့ဘက်ခြမ်းကိုလှည့်ပြီး အဲဒါမျိုး ထပ်လှီးပါ
မုန်လာဥ ပြတ်မသွားအောင်တော့ ဂရုစိုက်ပါ
ပြီးရင် လှီးထားတဲ့ မုန်လာဥကို ဆွဲကြည့်ပါ ၊ ပိုးတီလှီးတာ အဆင်ပြေရင် အလွှာလေးတွေဖြစ်ပြီး အလျားရှည်အောင် ဆွဲလို့ရပါတယ်
လုပ်ကြည့်ပြီး ပြန်ပြောပြနော်း)

Anonymous said...

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်မမလေပြေ ထောထောစမ်းပြီးရင်ပြန်ပြောပြမယ်နော် :)

မိုးကောင်းသူ said...

စားချင်စရာကြီးနော်။ လေပြေက ပိုးတီလဲ လှီးတတ်တယ်။

Post a Comment