
ဒီ sushi လေးတွေက လက်နဲ့ပဲ လိပ်ထားတာပါ
ထမင်းကို နည်းနည်းစေးအောင် နယ်လိုက်ရင် ဝါးယင်းလိပ်မသုံးလည်း လိပ်လို့အဆင်ပြေပါတယ်
တစ်ယောက်စာထမင်းကို ရှာလကာရည် ဇွန်းကြီးနှစ်ဇွန်း ၊ သကြား ဇွန်းကြီးတစ်ဇွန်း ၊ ဆားဇွန်းသေး တစ်ဝက်လောက်နဲ့နယ်
ရေညှိရွက်အကြီးပေါ် ဖြန့်ခင်း (ထမင်းကို ရေညှိအပြည့် မခင်းရပါဘူး ၊ ဘေးပတ်လည်မှာ တစ်လက်မစီလောက် နေရာချန်ထားတာ ကောင်းပါတယ်)
(လက်နဲ့လိပ်မယ်ဆိုရင် ရေညှိပေါ် ထမင်းခင်းတဲ့အခါ ၊ ထမင်းပေါ် အဆာခင်းတဲ့အခါ နည်းနည်းဖိပြီးခင်းပါ)
အရှည်လိုက်လှီးထားတဲ့ သခွားသီး ၊ မုန်လာဥနီ ၊ ကြက်အူချောင်း(ပြုတ်ထားတယ်) ထည့်ပြီး လိပ်ထားတာပါ
(ထောပတ်သီး ၊ ဂဏန်းချောင်း ၊ ကြက်ဥကြော် တွေလည်း ထည့်လို့ရပါတယ်)

ထမင်းလိပ်ပြီးရင် ဓါးထက်ထက်နဲ့ လှီးရပါတယ် ၊ (ဓါးမှာ ထမင်းတွေ ပေသွားရင် ရေဆေး၊ ရေခြောက်အောင်သုတ်ပြီးမှ ပြန်သုံးပါ)
ရေစိုရင် ရေညှိက ပြဲသွားတတ်ပါတယ် ၊ ရေညှိခြောက်လွန်းရင်လည်း လိပ်လို့ မကောင်းပါဘူး ၊ ရေနွေးငွေ့ နည်းနည်းရိုက်ပေးရင် အဆင်ပြေပါတယ်
တစ်ယောက်စာဆိုရင် ကြက်အူချောင်းတစ်ချောင်း ၊ မုန်လာဥနီနဲ့ သခွားသီးက အရှည်လိုက်လှီးထားတာ တစ်စိတ်စီလောက်ဆို ရပါပြီ
အဆာရော၊ ထမင်းရော သိပ်အများကြီး မထည့်ရပါဘူး ၊ လိပ်လို့အဆင်ပြေအောင်ပါ ။
*******************************************************************************************
Simple roll of sushi with cucumber, carrot and sausage.
It reminds me of one sweet day :)
Enjoy :)
8 comments:
သိတ်တော်တာဘဲ။
ဟုတ်တယ် ကိုယ့်ဘာသာလုပ်စားတာ ကောင်းတယ်။
ကျနော့ fast food ပါ
korea မှာ ပူပူလောင်လောင် မစားတတ်သူအတွက် အစင်အပြေဆုံးလေးပါ
ဆူရှိလေးကစားချင်စရာလေး.. ဖြတ်ထားတာလေးလှတယ်.. တိကနဲ့ ဘဲ နေမှာ..း)...
တော်လိုက်တာမလေပြေရေ စူရှီကစားချင်စရာလေး ထောပတ်သီးလည်းလုပ်စားဦးမယ် တခါမှလုပ်မစားကြည့်ဖူးဘူး
ဟင့် လာလည်မယ်။ပြော လိပ်စာ။
ဆူရှီစားချင်နေတာနဲ့ အတော်ပဲ ......လုပ်နည်းယူသွားပြီ..................
တော်ချက် တော်ချက်။ လှလို့ မစားရက်ဘူးနော်။ အလှပဲကြည့်နေတာ ကောင်းတယ်။ ဆာနေတော့လဲ စားချင်တယ်ကွယ်။
Post a Comment