Pages

Friday, July 17, 2009

မုန့်လုံးကြီး

Myanmar style rice snack


ကိုယ်တိုင်လုပ်တဲ့ ပထမဆုံး မုန့်လုံးကြီးပါ
ငယ်ငယ်တုန်းက အမေ့ကို မေးဖူးတယ် ၊ မုန့်လုံးကြီးဆိုပြီး ဘာလို့ ခပ်ပြားပြား ဖြစ်နေတာလဲ လို့ ..း)
အခုမုန့်ကိုတော့ လုံးလုံးလေး ဖြစ်အောင် လုပ်ထားတယ်
ကောက်ညင်းမှုန့်ကို ရေနဲ့နယ် (မုန့်နှစ်ကို မာမာလေးနယ်မှ မုန့်လုံးလို့ကောင်းပါတယ် )
အုန်းသီးမှုန့်နဲ့ သကြားနယ်ပြီး အဆာသွပ် ၊
ဆီများများ ၊ မီးအေးအေးနဲ့ ကြော်ပါတယ်
အုန်းသီးအစား ပဲယိုထည့်လည်း ရပါတယ် ၊ ဒါပေမဲ့ ကြိုက်ဘူး
********************************************************************************************
It is one of Myanmar style rice snacks made with glutinous rice flour, shredded coconut and sugar.
+ Add certain amount of water to rice flour to make a paste. Be sure not to add too much water.
+ Mix shredded coconut with sugar.
+ Stuff coconut into flour paste.
+ Fry and enjoy :)

10 comments:

Anonymous said...

ကောက်ညှင်းမှုန့်ကိုနယ်ရင် ဘာမှမထည့်ရဘူးလားဟင်.. ပွလာဖို့လေ

မိုးကောင်းသူ said...

သကြားအများကြီးနဲ့ နယ်ထားတာလားဟင်။ ချိုရင် မစားနိုင်လို့။ ဖဲ့ထားတဲ့ တစ်ခြမ်းတော့ စားသွားတယ်။

Anonymous said...
This comment has been removed by the author.
Anonymous said...

ထောပတ်သီးလည်းပဲနဲ့ကြိုက်ဘူး အုန်းသီးနဲ့ပဲကြိုက်တယ် တစ်လုံးယူစားသွားတယ် :)

Anonymous said...

ပဲနဲ့လည်းကြိုက်တယ်။ အုန်းနဲ့ဆို ပေါက်ဆီကြိုက်တယ်။ ယိုးဒယားကောက်ညင်းမှုန့် နဲ့ ဆို ရတယ်မလားဟင်

လွတ်ငြိမ်းလေပြေ (breeze) said...

ကူးကူး ဟင်းချက်နည်းစာအုပ်ထဲမှာတော့ စားဆော်ဒါကို ရေနွေးဆူတစ်ဇွန်းနဲ့ဖျော် ၊ မုန့်နှစ်နဲ့နယ်ပြီး နာရီဝက်လောက် နှပ်ထားပါတဲ့
လေပြေတော့ မလုပ်လိုက်မိဘူး :D

အစ်မမိုး သကြားသိပ်မများပါဘူး၊ ချိုရုံလေးပါ

ထောထော အကြိုက်တူတယ်နော့

စုဘူးရေ လေပြေလည်း အဲဒီ ကောက်ညင်းမှုန့်နဲ့ပဲ လုပ်တာပါး)

mae said...

တော်လိုက်တာ.. တခါမှ လုပ်ဖို့တောင် စိတ်ကူးမကြည့်ဖူးဘူး

လွတ်ငြိမ်းလေပြေ (breeze) said...

အဟီး တော်တာဟုတ်ဘူး အစားပုပ်တာ အစ်မမေ

JuneOne said...

လုပ်စားဖူးတယ်။ထန်းလျွှက်နဲ့ပိုကြိုက်တယ်။
အကြော်ကော၊အပြုတ်ကော။ကောင်းညှင်းထုပ်ကိုလည်း ပဲထုပ်၊ငှက်ပျောသီး
ထုပ်လုပ်စားတယ်။ဘလော့မရေးခင်၊သားလေးမမွေးခင်က။
အခုတော့မအားလို့ မလုပ်ဖြစ်တာကြာပြီ။

PAUK said...

ကြိုက်တယ်..အုန်းသကြားနဲ့..
ဒါမဲ့ ..လုပ်စားကြည့်ဖို့တော့ ဘယ်တော့မှ စိတ်မကူးမိပေါင်..
ဟိ

Post a Comment