Horfan
ခေါက်ဆွဲ ရယ်
အီကြာကွေး ရယ်
ကန်စွန်းရွက် ရေနွေးဖျော ၊ ပဲပင်ပေါက် ရေနွေးဖျော ၊ အချဉ်အတွက် သံပုရာသီး
ကြက်သွန်နီဆီချက် များများ ၊ မျှင်ငါးပိရည် နည်းနည်း ထည့် ၊
ဟင်းရည်ကို ကြက်သားဖတ်လေးတွေ ပါအောင် ခတ် ၊
ပြီးရင် စားလို့ ရပြီ
း)
စာမေးပွဲ အောင်လို့ ကျွေးတာ ၊ စားသွားကြနော်
ဟင်းရည်အတွက်
+ ရေနွေးဆူအောင်တည်ပါတယ်
+ ကြက်သား ၊ ဂျင်း များများထည့်ပြီး ပြုတ်ပါတယ်
+ ရေဆူပြီး ကြက်သား နူးလာပြီဆိုရင် ကြက်ဥအနှစ် ခေါက်ထားတာကို ဇွန်းလေးခံပြီး လောင်းထည့်ပါတယ် (အမျှင်လေးတွေ ရအောင်လို့ပါ)
+ အရောင်အတွက် ပဲငံပြာရည်အနောက်(နည်းနည်း) ထည့်ပါတယ်
+ ကော်မှုန့်ကို အရင် ရေနဲ့ဖျော်ထားပြီးမှ အိုးထဲနည်းနည်းချင်း လောင်းထည့်ပြီးမွှေပေးပါတယ်
(နည်းနည်းချင်းပဲ ထည့်တာက သိပ်ပြစ်သွားမှာ စိုးလို့ပါ )
+ ကိုယ်ကြိုက်တဲ့ အနေအထားရပြီဆိုရင်တော့ ဟင်းရည်ချက်လို့ ပြီးပါပြီ
******************************************************************************************
Not so thick horfan :)
Thursday, May 28, 2009
Subscribe to:
Post Comments (Atom)
4 comments:
စာမေးပွဲတင်မကဘူး တခြား နောက်ထပ် အောင်မြင်ချင်တာ ဖြစ်ချင်တာတွေလည်း အောင်မြင်ပါစေ ညီမရေ...။
စာမေးပွဲအောင်လို့ကျွေးတဲ့ ကော်ရည်ခေါက်ဆွဲ စားပြီး နောက်ထပ်ဘ၀မှာဖြေရမယ့် ဘ၀စာမေးပွဲတွေကိုလည်း ထူးချွန်အဆင့်နဲ့ အောင်မြင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးခဲ့ပါတယ် ညီမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ရှေ့ဆက်အောင်မြင်ပါစေ။
ဆုတောင်ရတာနဲ့ကာမီောအင် များများစားသွားသည်
thank you
Post a Comment