Pages

Sunday, May 31, 2009

Seafood Laksa

ချက်နည်းကို ဒီက ကြည့်ပြီး ချက်တာပါ

နည်းနည်းစပ်သွားတယ်၊ ငရုတ်သီး နီနီလေးတွေ ထောင်းထည့်တာကိုး ၊ အန်တီတစ်ယောက်တော့ စားပြီး ယပ်ခတ်နေတယ်း)

အစ်မကတော့ ကောင်းတယ်တဲ့

ကြက်သွန် ဖြူ ၊ နီ ၊ ဂျင်း နဲ့ ငရုတ်သီးနီနီလေးတွေကို ထောင်းပြီး ဆီသတ်ပါတယ်
ပုစွန်ခြောက်မှုန့်ထည့်ပါတယ်
ready made laksa paste ထည့်ပြီး မွှေပါတယ်
ပြီးရင် ရေထည့်ပြီး ဆူအောင်တည်ပါတယ်
ငံပြာရည် နည်းနည်း ခတ်လို့ရပါတယ်
ရေဆူလာပြီ ဆိုရင် အုန်းနို့ ထည့်ပါတယ်
ပဲပြားကြော် ၊ fish ball ထည့်ပါတယ်
သံပုရာသီး ညှစ်ထည့်ပါတယ်

ပွဲပြင်ရင် ခေါက်ဆွဲဖတ်ပေါ် ဟင်းရည်လောင်း ၊ ပုစွန်ပြုတ်၊ နံနံပင် ၊ ငရုတ်သီးစိမ်း ၊ သံပုရာသီး တို့နဲ့ အလှပြင်နိုင်ပါတယ်

****************************************************************************************
I refer this video to cook laksa :)

2 comments:

khin oo may said...

အမြင်နဲကတင်ကောင်းနေပြီ။

mae said...

ဟိုတနေ့က အိပ်ရာနိုးတော့ laksa နံ့လိုလို အုန်းနို့ခေါက်ဆွဲနံ့လိုလို ရတယ်၊ စားချင်နေတာ..

Post a Comment