Pages

Thursday, July 23, 2009

မုန့်လုံးရေပေါ်

Myanmar style rice snack

ထန်းလျက်ခဲ သေးသေးစိတ် ၊ မုန့်နှစ်ထဲ ထည့်ပြီးလုံးပါတယ်
မုန့်နှစ်က ကောက်ညင်းမှုန့် ငါးဆ၊ ဆန်မှုန့် တစ်ဆ ဆို အဆင်ပြေပါတယ် (မမလုလု..ဆီက သိရပါတယ်)

ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြုတ်ပါတယ် ၊ ရေပေါ် ပေါ်လာရင် ချက်ချင်းမဆယ်သေးဘဲ ခဏထားပါတယ် ၊
မုန့်နှစ်သေချာကျက်အောင်ပါ

ပြီးရင် စကာနဲ့ဆယ် ၊ ရေအေးထဲစိမ်ပါတယ်
အဲဒီ စိမ်တဲ့ရေ ပူလာရင် ရေအေးလဲပေးဖို့ လိုပါတယ်

အုန်းသီးမှုန့်ဖြူးပြီး စားလို့ရပါပြီ ၊ လေပြေတော့ အုန်းသီးမှုန့် မရှိလို့ ဒီတိုင်းလေးပဲ စားလိုက်ရပါတယ်း)
*********************************************************************************************
One of Myanmar style rice snack made with glutinous rice flour and jaggery.
+ make small pieces of jaggery.
+ mix 5 parts of glutinous rice flour with a part of rice flour , add small amount of water to get a paste.
+ stuff jaggery in rice flour paste and shape as a ball.
+ put these rice balls into boil water and leave until the balls become floating.
+ take these balls out and put them into water (I mean water at normal temperature) to let them cold.
+ take out from water, drain and taste it :)
+ you can also garnish with shredded coconut.

8 comments:

Anonymous said...

မုန့်လုံးရေပေါ်လေးမြင်တော့ ဆွမ်းတော်တင်ချင်တာ။ဟီးဟီး။ မြုပ်နေတာတွေပြန်ပေါ် အောင်လို့ :D

subuueain said...

မုန့်လုံးလေးတွေမြင်တော့ ဆွမ်းတော်ကယ်ချင်တာ.. မြုပ်နေတာတွေပေါ်လာအောင်လို့ :D

subuueain said...

၃ ခါမန့်သွားတယ်ကြိုက်လို့  :P

mae said...

လုပ်စားမယ်.. ;) ကျေးဇူး

PAUK said...

လုပ်စားကြည့်ဖို့ အင်အားမရှိဘူးး
ဒါမဲ့..လုပ်လဲ စားကြည့်ချင်တယ်..
အုန်းသီးမပါမဖြစ်ထည့်ရမှာ..

HRmyanmar said...

လာငမ်းသွားပါသည် ပစ္စည်းကမစုံတော့ လုပ်စားလို့ရမှာဟုတ်ဘူးဗျာ စားချင်လိုက်တာ မြန်မာပြည်ကို သတိရသွားမိသည်

Anonymous said...

မုန့်လုံးရေပေါ်ကြိုက်တယ် မမလေပြေ ဒါပေမယ့်အများကြီးတော့မစားနိုင်ဘူး မုန့်လုံးရေပေါ်လုံးရတာပိုသဘောကျတယ် ဆော့နေတာလေ ဟီးး လူကြီးတွေကြားထဲမှာ သူတို့ပြောတာတွေနားထောင်ရင်း ဆော့ရင်းလုံးနေတာ ပျော်စရာကြီး ငယ်ဘ၀ကိုပြန်သတိရသွားသည်

မိုးကောင်းသူ said...

စောစောပြောရောပေါ့ မုန့်လုံးရေပေါ်လာလုံးကူးပေးမှာပေါ့။ ခုတော့ အားနာနာနဲ့ပဲ စားသွားတယ်။ မုန့်လုံးရေပေါ်ထည့်ထားတဲ့ ပန်းကန်က ဈေးကြီးတယ်နော့်။ အစ်မမှာ ၂ ပန်းကန်ရှိတယ်။ ကွဲမှာကြောက်လို့ အလှပဲထားထားတယ်။ :D

Post a Comment