Pages

Friday, June 12, 2009

ဓါတ်ပုံ ဘယ်လိုရိုက်သလဲ

How do I take the picture of food?

အလှ ပြင်ပြီးပုံ (After touch up)

အလှ မပြင်ရသေးမီပုံ (Before)


ဓါတ်ပုံလေးတွေ လှတယ်လို့ ချီးကျူးကြတဲ့ အစ်မ ၊ ညီမ တွေကို ကျေးဇူးတင်ပါတယ်
ဒါပေမယ့် လေပြေက အပျော်တမ်းသမားပါပဲ
ဓါတ်ပုံ ဘယ်လိုရိုက်လဲ မေးတဲ့ အစ်မ နဲ့ ညီမ ကို လေပြေသိသလောက် ပြောပြမယ်နော်

ဓါတ်ပုံရိုက်ရင် အလင်းရောင်လည်း ကောင်း ၊ အလင်းလည်း မပြန်တဲ့နေရာမှာ
ဖုန်းကင်မရာနဲ့ပဲ ရိုက်ပါတယ် (professional camera မရှိပါး)
နေ့ဘက်ဆို close up mode
ညဘက်ဆို night mode နဲ့
တော်တော်ကြီးကို အနီးကပ်ပြီး ရိုက်ပါတယ်း)
လှမယ်ထင်တဲ့ ထောင့်အမျိုးမျိုးကနေ ပုံတော်တော်များများ ရိုက်ပါတယ်
ဒါမှ ကိုယ်လှတယ်ထင်တဲ့ပုံ ပြန်ရွေးလို့ရမှာလေ

computer ထဲကို ပုံတွေ ရွှေ့ ပြီးရင် ဒီတိုင်းသုံးလို့ရလား ၊ ပြင်ဖို့လိုလား ကြည့်ပါတယ်
ကြိုက်ရင် မပြင်တော့ပါဘူး
လိုတယ်ထင်ရင်တော့ Microsoft Office Picture Manager ၊ ဒါမှမဟုတ် Windows Photo Gallery မှာ ပြင်ပါတယ်
Auto Correct (Auto Adjust)လုပ်လိုက်ရင် အဆင်ပြေတာ များပါတယ်
ပိုပြီးထင်ရှား ပြတ်သားချင်ရင် Contrast တိုးပါတယ်
Color temperature တိုးရင် အရောင် ပိုလှလာတတ်ပါတယ်
ကိုယ် လိုချင်တဲ့ အပိုင်းကို ဖြတ်ထုတ်ဖို့ ၊ ဒါမှမဟုတ် ကိုယ်မလိုချင်တဲ့ အပိုင်းကို ဖယ်ပစ်ဖို့ Crop လုပ်လို့ ရပါတယ်

ဒီလောက်ဆို လေပြေ အတွက်တော့ တော်တော် အဆင်ပြေပါတယ်
Professional Camera နဲ့ဆိုရင်တော့ ဒီလိုတွေ လုပ်ဖို့ လိုမယ်မထင်ပါဘူး
ပုံအရည်အသွေးက ကောင်းမှာပါ

ပန်းကန်ထဲ ဘယ်ပုံစံထည့်မလဲ ၊ ဘယ်လောက် အနီးကပ် ရိုက်မလဲ ဆိုတာကို ဟင်းချက်နည်း စာအုပ်တွေ ၊ web site တွေကနေ ကြည့်လိုက်တာပါပဲ

ပြီးတော့ ဓါတ်ပုံရိုက်ရင် လှဖို့ခက်တဲ့ အစားအစာမျိုးကို သတိထားပါတယ် ၊ ဓါတ်ပုံရိုက်ကြည့်လို့ မလှရင် ပိုစ့်မတင်တော့ပါဘူး ... :D

ဓါတ်ပုံလှလှလေးတွေ ရိုက်နိုင်ကြပါစေ

******************************************************************************************

How do I take the picture of food?

I am just an amateur in photography.
But let me share my ways of how to take the food pictures.

I use my mobile phone camera to shoot the dishes.
Use close up mode in day times and night mode at night times.
I am used to take many photos so I can choose the best one.

I usually use Microsoft Office Picture Manager or Windows Photo Gallery for touch up things.

I refer recipe books and websites to learn how they take food photos.
And I am used to stay away from food which are hard to get good look in photos :D

3 comments:

Anonymous said...

မလေပြေးးးးးးးးးးးးးးးးးးးး
ကျေးဇူးနော်
နည်းသိသွားပြီလေ
နောက်မှစမ်းကြည့်မယ်သိလား

မိုးကောင်းသူ said...

ကျေးဇူး လေပြေရေ...........အလှပြင်ပြီးထားတဲ့ ပုံပဲစားသွားတယ်။ မြူးတစ်ကောင်ချန်ထားပေးလို့တော်သေးတယ်။

Shinlay said...

thanks for your tips.

Post a Comment