Mixed fruit rice
ထမင်းကို ထောပတ် ငွေ့ငွေ့လေး ထည့်ထားတယ်
ကြက်သားဟင်းနဲ့
စားနော်
း)
လွယ်လွယ်ပဲ ချက်ပါတယ်
ထမင်းကို ခပ်မာမာချက် ၊ ကျက်ပြီဆိုရင် အသင့်လှီးထားတဲ့ မုန်လာဥနီ ၊ ပဲစေ့စိမ်း ၊ ပြောင်းဖူးစေ့ ၊ စပျစ်သီး တွေကို ထည့်ပါတယ်
သီဟိုစေ့ထည့်လည်း ကောင်းပါတယ်
ထမင်း နို့ဆီဗူးနှစ်ဗူး (ပလတ်စတစ်ခွက် လေးခွက်)ဆိုရင် ထောပတ်ကို ထမင်းစားဇွန်းနဲ့ နှစ်ဇွန်းမောက်မောက် ထည့်ပါတယ်
ထမင်းပူနေတုန်း ထည့်ထားတဲ့ အဆာတွေကို ထမင်းမကြေအောင် အသာမွှေ ၊ အဖုံးပြန်အုပ်ပြီး နှပ်ထားပါ
လေပြေကတော့ ထမင်းပေါင်းအိုးက cook ခလုပ်ကို ပြန်နှိပ်ထားလိုက်ပါတယ်
ဒါဆို သီးစုံထမင်း လွယ်လွယ်ချက်တာလေး ရပါပြီ
******************************************************************************************
First, I cook the rice with rice cooker.
When the rice is cooked , I add ready made vegetables (carrot cubes, green beans and corn), raisins.( You can also add cashew nuts)
Add 2 table spoons of butter to the rice.
Mix softly and thoroughly the rice , vegetables and butter.
After that, I cooked the rice again for about 3 to 5 minutes.
Monday, June 8, 2009
Subscribe to:
Post Comments (Atom)
6 comments:
ပထမကွ ... စားသွားတယ်အားရပါးရ ....
လာစားသွားတယ်နော်
ဓါတ်ပုံရိုက်တာလှလိုက်တာ
တော်လိုက်တာ
ဘယ်မှာနေတာလဲဟင်
လာသင်မလို့ လေ
အပေါ်ကပုံလေး ရိုက်ထားတာလှလိုက်တာ
မြူးပြောသလိုပဲ။ ဘယ်မှာနေလဲဟင်။ ဓာတ်ပုံရိုက် ပညာလာသင်ချင်လို့ပါ။ အကုန်စားတယ်။ ပန်းကန်တော့ ချန်ထားခဲ့တယ်နော်။
ထောထော ၊ ညီမလေး မြူး ၊ အစ်မမေ ၊ အစ်မ ကွမ် ၊ အစ်မမိုး
လာလည်တာ ကျေးဇူးပါ
ဓါတ်ပုံလေးတွေ လှတယ်ဆိုလို့လည်း ကျေးဇူးပါ
ဓါတ်ပုံရိုက်ရင် အလင်းရောင်လည်း ကောင်း ၊ အလင်းလည်း မပြန်တဲ့နေရာမှာ
ဖုန်းကင်မရာနဲ့ပဲ ရိုက်ပါတယ် (professional camera မရှိပါး)
နေ့ဘက်ဆို close up mode
ညဘက်ဆို night mode နဲ့
အနီးကပ်ပြီး ရိုက်ပါတယ်
Post a Comment