Pages

Wednesday, June 10, 2009

ကြက်ဆီထမင်း (Chicken Rice)

ကြက်ဆီထမင်း ရိုးရိုးလေး လုပ်စားပါတယ်

း)
စားကြပါဦး


ချက်နည်းရေးပါလို့ ပြောကြလို့ ကိုယ်လုပ်စားတဲ့ ပုံစံလေးကို ရေးလိုက်ပါတယ်
လွယ်လွယ်ပဲချက်တာပါ

အရိုးထုတ်ထားတဲ့ ကြက်ပေါင်သား (အရေခွံပါတဲ့ဟာ) ကို ရေခပ်များများ၊ မီးအေးအေးနဲ့ ပြုတ်ပါတယ်
ပြုတ်ရင် အရေခွံကို အောက်ဘက်က ထားပါတယ်
ရေခန်းပြီး ဆီထွက်လာရင် မီးအေးအေးမှာ နည်းနည်းကြာအောင် ထားပါ
အဆီလိုချင်လို့ပါ
အရေခွံ မာလာပြီ ၊ ဆီကုန်လောက်ပြီ ဆိုရင်တော့ မီးဖိုပေါ်က ချလို့ရပါပြီ
အရေခွံကို ခွာ ၊ လက်ညှိုးလောက် ကြက်သားတုံးလေးတွေရအောင် ဓားထက်ထက်နဲ့ လှီးပါတယ်
(လေပြေကတော့ အရေခွံကို ကြက်ဆီထမင်းထဲ မထည့်တော့ပါဘူး)

ချက်ပြီးသားထမင်းကို ကိုယ်စားမယ့်ပမာဏလောက်ယူ ၊
ကြက်ဆီ ၊ ခရုဆီနည်းနည်း ၊ တရုတ်ငံပြာရည်အပြစ် နဲ့ နယ်ပါတယ်
ပုံဖော်ဖို့ ပန်းကန်လုံးထဲ နယ်ထားတဲ့ ထမင်းထည့် ၊ ခပ်ဖိဖိလေးသိပ်ပြီး စားမယ့်ပန်းကန်ထဲမှာ မှောက်ချလိုက်ပါ

လှီးထားတဲ့ ကြက်သားကို ရေနွေးပူပူထဲ ခဏထည့်စိမ် ၊ ပြီးတော့ ပုံဖေါ်ထားတဲ့ ထမင်းပေါ် တင်ပါ
ငရုတ်ဆီ နည်းနည်း ၊ တရုတ်နံနံ ၊ သခွားသီးစိတ် ၊ ခရမ်းချဉ်အကွင်း တွေ အမြင်လှအောင် စီထည့်ပြီး စားလို့ရပါပြီ
(မုန်လာဥနီကို ပန်းပွင့်ပုံဖေါ်ထားတာနဲ့ ၊ ကြက်သွန်နီကွင်း တွေလည်း ထည့်လို့ရပါတယ်)

ကြက်ဆီထမင်းချက်တဲ့အနှစ်နဲ့ ချက်လည်းရပါတယ် ၊ မချက်ဖူးသေးပါဘူး
တစ်ချို့ က ကြက်ကင် (Roasted Chicken) နဲ့ လုပ်ပါတယ် ၊ အခု သုံးထားတာက ကြက်ပြုတ် (Steamed Chicken)ပါ

******************************************************************************************

Just my simple recipe ... Chicken Rice :)
* Boil the chicken , some oil will released from chicken fat.
* Mix rice with this chicken oil , soy sauce and oyster sauce.
* Shape this rice with a bowl.
* Cut the chicken into slices.
* Put these chicken slices on the rice and garnish with cucumber, tomato, onion , carrot and fresh coriander leaves.

4 comments:

PAUK said...

လွတ်ငြိမ်းရေ..
ကြက်ဆီထမင်းချက်နည်းပြောပြအုန်းလေ..
ချက်စားကြည့်ချင်လို့ပါ..
ကျေးဇူး....

mae said...

ကောင်းမယ့်ပုံပဲ၊ စားချင်တယ်

Anonymous said...

လာစားသွားပြီနော်
ဓါတ်ပုံရိုက်လာသင်ချင်တယ်
ဘယ်ချိန်အားလဲဟင်း????/

မိုးကောင်းသူ said...

အကုန်စားသွားတယ်။
ဓာတ်ပုံ ရိုက်ထားတာတော့ ရှယ်ပဲ။
အစ်မတင်တဲ့ ဓာတ်ပုံတွေနဲ့ နင်လား ငါးလားပဲ။
:D
ညီမလေး မြူးလိုပဲ ဘယ်အချိန်အားလဲဟင်။ ဓာတ်ပုံရိုက် ပညာ လာသင်ရအောင်လို့။

Post a Comment