Pages

Monday, June 22, 2009

ခရမ်းချဉ်သီး ငါးပိချက်

Fish and tomato paste (salty , sour and spicy :)

ငါးပိရည်ဆိုတာ မြန်မာလူမျိုး တော်တော်များများ ကြိုက်ကြတဲ့ အစားအစာပါ
သွေးတိုးရှိလို့ အငန်ရှောင်ရတဲ့သူတွေ (အိမ်က မေမေ လည်းပါတယ်း) ကျတော့ ငါးပိ မစားရတော့ဘူး
ဒါကြောင့် ခရမ်းချဉ်သီးငါးပိချက် လေးပဲချက်ပြီး နှစ်သိမ့်လိုက်ပါတယ်

ငါးကို နနွင်း၊ ဆား ၊ ဂျင်း ထည့်ပြီး ရေနည်းနည်းနဲ့ပြုတ် ၊ အသားနွှင်ထားတယ်
ခရမ်းချဉ် ၊ ငရုတ်သီး ၊ နံနံပင် လှီးထားတယ်

ဆီပူလာရင် နနွင်းနဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး အရောင်တင်တယ်
ခရမ်းချဉ်သီး နဲ့ ငါး ထည့်မွှေတယ်
ခရမ်းချဉ် အနှစ်ကျလာပြီး ငါးနဲ့ သမသွားပြီဆိုရင် အရသာမြည်းပါတယ်
(ငန်ပြာရည် ငါးစက်လောက် ထည့်လိုက်တယ်း)
အရသာ မြည်းပြီးရင် အိုးကို မီးဖိုပေါ်ကချပြီး နံနံပင်နဲ့ ငရုတ်သီး အုပ်လိုက်တာပါပဲ

သခွားသီးလေးနဲ့ တို့စားနော်

း)
******************************************************************************************
Boil fish with some water , ginger and salt , and debone it.
Slice tomato, chili and coriander leaves.
Make the pan hot, add some oil and chili powder.
Add tomato, fish and stir until they become paste.
Taste the paste and add some salt if desired.
Garnish with chili and coriander leaves.
Lovely Myanmar dish :)

5 comments:

Anonymous said...

မအားဘူးလေပြေ
ဒါပေမဲ့ လေပြေ့ လက်ရာလေး
မြူးပဲအရင်စားချင်တ်ာလှလို့
အကုန် မသွားပြီသိလား

ခင်တဲ့
မြူးလေး

မိုးကောင်းသူ said...

ငါးပိချက်နဲ့သခွားသီး အတို့ စားသွားပါတယ်။ အိမ်က ထမင်းကြမ်းလေးတော့ ယူလာခဲ့တယ်။

mae said...

ငါးနဲ့ ချက်တယ်လား၊ အိမ်မှာတော့ ပုဇွန်ခြောက်နဲ့ပဲ ချက်တယ်၊

ငါးတွေတောင် ရှိတယ်၊ မွှေမလို့ကို စပါးလင်ဝယ်မရလို့ စောင့်နေတာ၊ ဒီလို ချက်ကြည့်ဦးမယ်၊ စားချင်စရာလေး၊ ဗိုက်ဆာသွားပြီ

khin oo may said...

ူlove you always/

Anonymous said...

မြူးလေးအကုန်စားသွားနဲ့လေ ထောပတ်သီးတို့စားဖို့ထားပါဦး မမမိုးကောင်းသူယူလာတဲ့ထမင်းကြမ်းလေးနဲ့တူတူကပ်စားသွားတယ် :)
ချက်ကျွေးဘူးတဲ့အဖွားလက်ရာကိုသတိရသွားပြီမလေပြေ

avocado

Post a Comment