Pages

Friday, June 12, 2009

ပုစွန်ကြော် (Fried Prawns)


ဒီပုစွန်လေးတွေကို

ဒီမုန့်နှစ်ထဲထည့်ကြော်တာ

ဒီလိုလေး ဖြစ်သွားသတဲ့ကွယ်
း)

မုန့်နှစ် ပြစ်ပြစ်လေး ဖျော်ပါတယ် (ဒါမှ ပုစွန်ကြော်က လုံးလုံးလေး ဖြစ်နေမှာ) ၊
တရုတ်ငံပြာရည် အပြစ် (အရောင်လှအောင်) နည်းနည်းထည့်ပါတယ် ၊ နည်းနည်းပဲထည့်နော်
ငရုတ်ကောင်းမှုန့်လည်း နည်းနည်းထည့်တယ် (မွှေးအောင်ပေါ့)
အရသာအတွက် ဆားနည်းနည်း ၊ အချိုမှုန့်နည်းနည်း ထည့်ပါတယ်
အဒေါ်ဆို ပုစွန်အမြီးက ဆူးချွန်လေးပါ ချိုးခိုင်းတယ် (စားရင် စူးမှာစိုးလို့တဲ့း)

မုန့်နှစ်လုပ်ဖို့
+ tempura အမှုန့်ဆိုပြီး ရောင်းတာရှိပါတယ် ၊ အဲဒါသုံးလည်း ရပါတယ်
+ ယိုးဒယားမယ် လို၊ ရွှေလိပ်ပြာလို အကြော်ကြော်ဖို့ စပ်ပြီးသား အမှုန့်တွေလည်း ရှိပါတယ်
+ ကိုယ့်ဘာသာ စပ်ချင်ရင်တော့ ဂျုံမှုန့် ၅၀ % ၊ ကော်မှုန့် ၃၀ % ၊ ဆန်မှုန့် ၂၀ % ရောပြီးသုံးလို့ရပါတယ်
( အဲဒါ ရွှေလိပ်ပြာရဲ့ အချိုးပါ ၊ ကြော်ကြည့်ပြီးပြီ ၊ ကောင်းပါတယ်)

ကြွပ်ကြွပ်လေး ရအောင် မီးအေးအေးမှာ ကြာကြာကြော်ပါတယ် ၊ တူးတော့ မတူးစေနဲ့ပေါ့း)
******************************************************************************************

Simply fry prawns with tempura paste :)

4 comments:

မိုးကောင်းသူ said...

ညီမလေး ခေါ်တာနဲ့ အရင်ဆုံးပဲ ရောက်တယ် ။ :D စားပလိုက်မယ်။

khin oo may said...

ဂလု

Moepyae said...

ဒီ ပုဇွန်လုံးလုံးလေးကို ဘယ်လိုကြော်တာလဲဟင်..
အဲလို လုံးလုံးလေးဖြစ်အောင် အိုးထဲမှာ ဆီများမှ ဖြစ်မယ်ထင်တယ်နော်..
ဒီနေ့ ကြော်တာ အ၇သာကောင်းပေမဲ့ လုံးလုံးလေး မဖြစ်ဘူး.. အိုးအပြားနဲ့ကြော်တာကြောင့်လည်းပါမယ်ထင်တယ်နော်..

လွတ်ငြိမ်းလေပြေ (breeze) said...

မိုးပြေးရေ
ဒီနေ့မှ မိုးပြေးရေးခဲ့တဲ့ comment ကို တွေ့လို့နော်
အကြော်တွေကို လုံးလုံးလေး ဖြစ်ချင်ရင် အိုးထဲထည့်ပြီး ကြော်စအချိန်မှာ အကြော်ကို ယောင်းမလေးနဲ့ ဆီထဲမှာ ဟိုဘက်တွန်းလိုက် ဒီဘက်တွန်းလိုက် လှိမ့်ပေးနေပါး) ကျွန်မတို့ ဆန်မုန့်နှစ်အမာကို လက်ဖဝါးနှစ်ခုကြား ထည့်လှိမ့်ရင် မုန့်နှစ်လုံးလုံးရှည်ရှည်လေး ရသလိုပဲပေါ့

Post a Comment